ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဧပြီ ၁၀ ရက်၊ စစ်ကိုင်း

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စံတင်ကင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေး ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ စံတင်ကင်းကျေးရွာကို စစ်ကောင်စီတပ် လက်နက်ကြီး ၁၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ နှစ် ကလေးငယ် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

“လက်နက်ကြီးနဲ့ ၁၁ ကြိမ်ထုတာ ၃ လုံးက ရွာခံတွေ ရွာမှာရှိတဲ့အချိန်ဖြစ်နေတာ။ ၂ နှစ်အရွယ်ကလေး ၂ ဦးသေတယ်။ ၆ ယောက်ဒဏ်ရာရတယ်။ ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်က စံတင်ကင်းကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် နောက်နေ့မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ သူကဆက်ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတဝန်းမှာ လူပေါင်းထောင်နဲ့ချီသေဆုံးခဲ့ရချိန် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ပြန်လည်သေဆုံးနေရတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်နေပြီး မနေ့ ဧပြီ ၉ ရက်မှာ စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၂၅ ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။

ဒါ့အပြင် မနေ့ ဧပြီ ၉ ရက်နဲ့ ဒီနေ့ ဧပြီ ၁၀ ရက်မှာ ချင်းပြည်နယ် တီးတိန်၊ မင်းတပ်၊ မန္တလေးတိုင်း မတ္တရာနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်လို့ အရပ်သား ၁၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကို လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ၎င်းလက်လွတ်ထားရတဲ့ နယ်မြေတွေမှာ လေကြောင်းအသုံးပြုကာ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တစ်စုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။