ဓာတ်ပုံ – Lway Win Nge Oo

ခိုင်လေး၊ ဧပြီ ၁၀ ရက်

တအာင်းတပ် – PSLF/ TNLA ထိန်းချုပ်ထားတဲ့မြို့နယ် ၅ ခုမှာ တစ်ပတ်ကျော်အတွင်း ငလျင်ဘေးသင့်ပြည်သူတွေ အတွက် အလှူငွေ ကျပ်သိန်း ၂ ထောင်ကျော် ကောက်ခံရရှိခဲ့တယ်လို့ TCSO တအာင်းအရပ်ဖက် အ‌ဖွဲ့အစည်းမှ ဒီနေ့ ဧပြီ ၁၀ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

‎တအာင်းအရပ်ဖက်အဖွဲ့အစည်းများမှ ဦးဆောင်ပြီး ပြည်တွင်း/ပြည်ပရှိ အလှူရှင်တွေနဲ့ နမ့်ဆန်မြို့၊ ကွတ်ခိုင်မြို့၊ မန်တုံမြို့၊ နမ့်ခမ်းမြို့၊ နမ္မတူမြို့ရှိ ဒေသခံပြည်သူတွေ ပူးပေါင်းလှူဒါန်းတဲ့အလှူငွေနဲ့ ငလျင်ဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

‎”ဒီနေ့ထိ ကောက်ခံရရှိထားတဲ့ အလှူငွေတွေကို အလှူရှင်တွေ အရောက်နည်းတဲ့နေရာတွေမှာ သွားလှူဖို့ရှိပါတယ်။ ဘယ်နေ့လဲဆိုတော့ သေချာမသိသေးဘူး။ သင်္ကြန်ပြီးမှ ထင်တယ်။ အခုက ချိတ်ဆက်နေတုန်းပါ။ သွားရောက်လှူဒါန်း ပြီးရင်လဲ ဘယ်မှာ သွားရောက်လှူဒါန်းခဲ့တာလဲ ဆိုတာတဲ့ အချက်အလက်အသေးစိတ်ကို ကျမတို့ TCSO pageမှာ ပြန်ချပြ ဖို့ရှိတယ်လို့” TCSO မှတာဝန်ရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎ကောက်ခံရရှိထားတဲ့ အလှူငွေတွေကိုပထမပိုင်းအနေနဲ့ အထိအခိုက်များပြီး အလှူရှင်အရောက်နည်းတဲ့ ‌အင်းလေး၊ စစ်ကိုင်း-မင်းကွန်း၊ ပုလိပ်ရွာ နဲ့ အခြားလိုအပ်တဲ့နေရာ‌တွေမှာ‌ ငွေကျပ်သိန်း (၇၀၀) အသုံးပြုသွားမှာဖြစ်ပြီး စစ်ကိုင်းအနောက်ခြမ်း မတ္တရာ ဒေသတွေမှာတော့ ငွေကျပ်သိန်း (၃၀၀) အသုံး လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

‎ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ပြင်းအား ၇.၇ ချက်စကေး ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် နမ့်ဆန်ဒေသက ပျက်စီးသွားတဲ့ အဆောင်အဦ တွေကို ပြုပြင်ဖို့ သက်ဆိုင်ရာတွေကို ငွေကျပ်သိန်း (၁၀၀) လှူဒါန်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

‎ဒုတိယအစီစဉ်အနေနဲ့ ရှမ်းတောင် ကလောမြို့၊ တောင်နီ၊ ပိန္ဒဲပင်ရွာ၊ စေတီကုန်း စတဲ့ဒေသတွေက ပျက်စီးဆုံးရှုံးမှု အခြေနေပေါ်မူတည်ပြီး အလှူငွေတွေကို ပြန်လည် စီမံလှူဒါန်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။