ဓာတ်ပုံ – Local

ယာရူစိင်၊ ဧပြီ ၁၀ ရက်၊ ကောလင်း

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း အင်ပင်လှရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်အချိန်မှာ ကောလင်းမြို့နယ် အင်ပင်လှရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ပြီး ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင်က ၁၄ နှစ်အရွယ် မဇင်မာဝင်း သေဆုံးခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဒီနေ့ နေ့လယ် အင်ပင်လှရွာ စာသင်ကျောင်းကို လာကြဲသွားတယ်။ ကျောင်းပေါ် တည့်တည့် တစ်လုံးကျတယ်။ ကျောင်းဝန်းထဲ တစ်လုံးကျတယ်။ စစ်ရှောင်က တစ်ဦး သေတယ်။ ဒဏ်ရာရတာက အမျိုးသမီး နှစ်ယောက်နဲ့ အဘိုးအို တစ်ယောက်ပါ။ ဒဏ်ရာ ပြင်းထန်နေပါတယ်”

မနေ့ကလည်း ကောလင်းခရိုင်ဖြစ်တဲ့ ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာဆေးရုံအနီးကို လေကြောင်း‌ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၆ ဦး သေဆုံးပြီး ၅၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ချင်းညီနောင်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ဖွီကျေးရွာနဲ့ တီးတိန်နယ်ထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လသားအရွယ်ကလေးငယ်တွေအပါအဝင် ၁၂ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။