ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဧပြီလ ၁၀ရက်၊ မင်းတပ်

ချင်းညီနောင်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဓမ္မဆရာတစ်ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ ဧပြီလ ၉ရက်နေ့၊ ည ၈ နာရီခွဲနဲ့ ၉ နာရီဝန်းကျင်မှာ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်ခန့် လာရောက်ပြီး ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ၈ လအရွယ် ကလေးငယ် ၁ဦး၊ အသက် ၇ နှစ်အရွယ် ကလေး ၂ဦး၊ အသက် ၆၈ နှစ်အရွယ် အမျိုးသား ၁ဦး၊ အသက် ၇၂ နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အသက် ၃၆ နှစ်အရွယ် ခရစ်ယာန် ဓမ္မဆရာ ၁ ဦးနဲ့ အသက် ၃၈ နှစ်အရွယ် မသန်စွမ်းအမျိုးသား ၁ဦးတို့ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကလေး၊ အသက်ကြီးပိုင်းအပါအဝင် ၉ ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရပါတယ်။

“လေယာဥ်နှစ်ကြိမ်လာပြီး ဗုံးသီးနှစ်လုံးကြဲသွားတာ။ ပထမအကြိမ် ဗုံးကြဲတုန်းက လူ ၅ယောက် သေဆုံးတယ်။ နေအိမ်တွေ မီးလောင်တယ်။ မီးလောင်နေတဲ့ နေအိမ်တွေ မီးငြိမ်သတ်ရင်း ဒုတိယအကြိမ် ဗုံးထပ်ကြဲတယ်။ ဓမ္မဆရာတစ်ဦး သေဆုံးတယ်။”လို့ မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် ဖွီကျေးရွာက ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မနေ့ည ၁၂ နာရီဝန်းကျင်ကလည်း တီးတိန်မြို့နယ်၊ Saizang ကျေးရွာကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် ၆ ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဗုံးကြဲတဲ့ မင်းတပ်နဲ့ တီးတိန်မြို့နယ်မှာ တိုက်ပွဲမှ မရှိဘဲ အရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။