ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဧပြီလ ၁၀ရက်၊ မင်းတပ်

ချင်းညီနောင်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဓမ္မဆရာတစ်ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ ဧပြီလ ၉ရက်နေ့၊ ည ၈ နာရီခွဲနဲ့ ၉ နာရီဝန်းကျင်မှာ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်ခန့် လာရောက်ပြီး ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ၈ လအရွယ် ကလေးငယ် ၁ဦး၊ အသက် ၇ နှစ်အရွယ် ကလေး ၂ဦး၊ အသက် ၆၈ နှစ်အရွယ် အမျိုးသား ၁ဦး၊ အသက် ၇၂ နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အသက် ၃၆ နှစ်အရွယ် ခရစ်ယာန် ဓမ္မဆရာ ၁ ဦးနဲ့ အသက် ၃၈ နှစ်အရွယ် မသန်စွမ်းအမျိုးသား ၁ဦးတို့ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကလေး၊ အသက်ကြီးပိုင်းအပါအဝင် ၉ ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရပါတယ်။

“လေယာဥ်နှစ်ကြိမ်လာပြီး ဗုံးသီးနှစ်လုံးကြဲသွားတာ။ ပထမအကြိမ် ဗုံးကြဲတုန်းက လူ ၅ယောက် သေဆုံးတယ်။ နေအိမ်တွေ မီးလောင်တယ်။ မီးလောင်နေတဲ့ နေအိမ်တွေ မီးငြိမ်သတ်ရင်း ဒုတိယအကြိမ် ဗုံးထပ်ကြဲတယ်။ ဓမ္မဆရာတစ်ဦး သေဆုံးတယ်။”လို့ မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် ဖွီကျေးရွာက ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မနေ့ည ၁၂ နာရီဝန်းကျင်ကလည်း တီးတိန်မြို့နယ်၊ Saizang ကျေးရွာကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် ၆ ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဗုံးကြဲတဲ့ မင်းတပ်နဲ့ တီးတိန်မြို့နယ်မှာ တိုက်ပွဲမှ မရှိဘဲ အရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။