ဓာတ်ပုံ- ချင်းညီနောင်တပ်ဖွဲ့

အိုက်ပွီး၊ ဧပြီ ၉ ရက်၊ ဖလမ်း

ချင်းပြည်နယ် ဖလမ်းမြို့ကို အာရက္ခတပ်တော်- AA ရဲ့ လက်နက်ခဲယမ်းနဲ့ စစ်ရေးဆိုင်ရာ အကြံဉာဏ် ပံ့ပိုးမှုကြောင့် သိမ်းပိုက်ရရှိခဲ့တယ်လို့ ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ဖလမ်းမြို့ကို မင်းတပ် မြို့သိမ်းတိုက်ပွဲနဲ့အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်ကစပြီး ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ၅ လ ပြည့်တဲ့နေ့ ဒီနေ့ ဧပြီ ၉ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိတာလို့ ဆိုပါတယ်။

စစ်တပ်ဘက်ကလည်း ဖလမ်းမြို့ မကျစေရေးအတွက် လေကြောင်းကနေ ခုခံတိုက်ခိုက်နေတဲ့ကြားမှ သိမ်းပိုက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီအရာရှိပိုင်းနဲ့တပ်သားအများစုကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပေမဲ့ ချင်းညီနောင်က စာရင်းနဲ့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

“စကစ စစ်သုံ့ပန်းတွေကို ဖမ်းဆီးတာ အများကြီး ရှိပါတယ်။ အရာရှိကြီးတွေလည်း ပါတယ်။ စိစစ်နေတုန်းမို့ မထုတ်ပြန်သေးတာလား မပြောတတ်ဘူး။ လက်နက်ခဲယမ်းတွေဆိုလည်း လက်နက်ကြီးမျိုးစုံအပါအဝင် ရာနဲ့ချီ သိမ်းဆည်းရမိတယ်” လို့ ဖလမ်း စစ်ရေးနဲ့နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီ ကင်းစင်တဲ့ နယ်မြေဖြစ်အောင် ဖော်ဆောင်နိုင်ခဲ့တာဟာ ချင်းညီနောင်အပါအဝင် မဟာမိတ်အင်အားစုတွေရဲ့ မဆုတ်မနစ်တဲ့ စိတ်ဓာတ်နဲ့ ကြံံ့ကြံ့ခံ ထိုးစစ်ဆင် တိုက်ခိုက်မှုကို လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်အပ်တယ်လို့ ဆိုပါတယ်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်း မြို့သိမ်းတိုက်ပွဲအတွင်း အသက်ပေးလှူသွားတဲ့ အာဇာနည်သူရဲကောင်းတွေ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေနဲ့ အောင်ပွဲရသည်အထိ ရွပ်ရွပ်ချွံချွံ ချီတက်တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတပ်သားတွေရဲ့ ဇွဲလုံ့လ ရှိမှုတို့ကို လေးစားဂုဏ်ပြု​တယ်လို့ ဆိုပါတယ်။

ချင်းညီနောင်အနေနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဟာမိတ်တွေနဲ့အတူ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်- CB မဟာမိတ်ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ 96 Solider PDF၊ Kalay Revolution Force၊ Anti-Fascist Internationalist Front၊ Burma National Revolutionary Army၊ Burmese Revolutionary Technical Front၊ Generationa Z Army၊ Giant Revolution Force၊ Harmonious Northern Brother တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် Kalay Urban Guerrialla၊ Myingyan Black Tiger၊ National Liberation Army၊ Revolvtion Ambulance Wolf၊ Sagaing Federal Troop (SFT-စစ်ကိုင်း ဖက်ဒရယ် တပ်ပေါင်းစု)၊ Yaw Defense Force၊ Zo Army- ZA၊ ကလေးခရိုင် ပကဖနဲ့ ဒရုန်းအဖွဲ့တွေက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့ထဲ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားအဖွဲချုပ်- CNO/CNDF၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး- ZFU/PDF-Zoland၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်) CDF-Mindat၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) CDF-Kanpalet၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) CDF-Matupi Brigde 1 နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ- MTC/MDF တို့ ပါဝင်ပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာ မြို့တော် ဟားခါး၊ ထန်တလန်၊ တီးတိန် စတဲ့ ၃ မြို့နယ်သာ သိမ်းပိုက်ဖို့ ကျန်ရှိပါတော့တယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။