ဓာတ်ပုံ- MDY PDF

ရွှေဖီမြေ၊ ဧပြီ ၈ ရက်

စစ်ကောင်စီတပ်ဟာ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပေမဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ထိုးစစ် ဆက်လုပ်နေပြီး စစ်ကောင်စီရဲ့ အပစ်ရပ်မှုဟာ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ လုပ်ကြံလီဆယ်မှုလို့ မန္တလေး PDF က ထုတ်ပြန်လာပါတယ်။

အပစ်ရပ်မယ်လို့ ထုတ်ပြန်ပြီးနောက် လေကြောင်း တိုက်ခိုက်မှု ဆက်လုပ်နေပြီး စဉ့်ကူးမှာ ၂ ကြိမ်၊ မတ္တရာမှာ ၁ ကြိမ်၊ သပိတ်ကျင်းမှာ ၅ ကြိမ်၊ မိုးကုတ်မှာ ၁ ကြိမ် နဲ့ နောင်ချိုမှာ ၁ ကြိမ် လူထုတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေပြင်ထိုးစစ်တွေလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ အပစ်ရပ်မှုဟာ ငလျင်ဘေးသင့်တဲ့သူနဲ့ နိုင်ငံတကာအပေါ် နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ လုပ်ကြံလီဆယ်မှုသာ ဖြစ်တယ်လို့ မန္တလေး PDF က ပြောဆိုပါတယ်။

စစ်တပ်ဟာ ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ တော်လှန်ရေး အင်အားစု ထိန်းချုပ်ဒေသကို လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြောကြပေမဲ့ အပြန်အလှန် တိုက်ခိုက်မှု ဆက်ရှိနေပြီး အပြန်အလှန် စွပ်စွဲနေကြပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အပစ်ရပ်ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အပါဝင် ပြည်သူ့ကာကွယ်ရေးတပ်- PDF တွေဟာ စစ်တပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။