ရွှေဖီမြေ၊ ဧပြီ ၈ ရက်

ရှမ်းမြောက်က မြို့နယ် ၈ ခုမှ စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူထုတွေဟာ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ကခေါ်တဲ့ အသေးစား စီးပွါးရေးထောက်ပံ့ငွေကို လျှောက်ယူနိုင်ကြောင်း ဒီနေ့ ဧပြီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်း‌မြောက်မှ မြို့နယ် ၈ ခုဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး စတဲ့မြို့နယ်မှ စစ်ရှောင်မိသားစု၊ လက်နက်ကြီးထိထားတဲ့ အိမ်ထောင်စု၊ သဘာဝဘေးကြောင့် ထိခိုက်ခံစားရတဲ့ မိသားစု၊ စစ်ပဋိပက္ခကြောင့် စားဝတ်နေရေးခက်ခဲတဲ့ မိသားစု၊ CDMs မိသားစု၊ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စု၊ အလုပ်အကိုင်အခွင့်အလမ်းမမှီတဲ့ မိသားစုအပြင် တခြားမိသားစုတွေလည်း လျှောက်ထားနိုင်ကြောင်း ရေးသားထားပါတယ်။

အဲထဲမှာမှ အလုပ်အကိုင်အခွင့်အလမ်းမမှီတဲ့အုပ်စု၊ အမျိုးသမီးဦးဆောင်တဲ့လုပ်ငန်းနဲ့ အိမ်ထောင်စု၊ အမှန်တကယ်လုပ်ငန်းအကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်သူ၊ သတ်မှတ်ချက်အတိုင်းပြည့်မှီသူ စတဲ့အုပ်စုတွေကို ဦးစားပေးရွေးချယ်ပေးမယ်လို့လည်း ဆိုပါတယ်။

လျှောက်လွှာ လျှောက်မယ့်သူဟာ မိမိလုပ်ဆောင်မယ့် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ၁၃ သိန်းကျပ်‌အထိ အသေးစိပ် လုပ်ငန်းအစီအစဉ် ရေးဆွဲဖို့လည်း လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

ထောက်ပံ့ငွေ ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကလည်း ပဋိပက္ခဒဏ်ကို ခံနေရတဲ့လူထုတွေ ဝင်ငွေရရှိရေး၊ ပံ့ပိုးမှုတွေ ရဖို့၊ ပဋိပက္ခဒဏ် ခံရတဲ့လူထုတွေအတွက် အသေးစားငွေကြေးစီမံခန့်ခွဲမှု ဆိုင်ရာ အသိပညာရရှိလာစေဖို့နဲ့ သူတို့အတွက် ဝင်ငွေအခွင့်အလမ်းတွေ ရရှိလာစေဖို့၊ ပဋိပက္ခဒဏ်ခံစားရတဲ့လူထုတွေက မိမိကိုယ်ကို အားကိုးနိုင်မှုစွမ်းရည်မြင့်တင်လာစေဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။