မြတ်နိုး၊ ဧပြီ ၈၊ အင်းတော်
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရမိထားကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ဟုတ်တယ်။ စစ်ကောင်စီ သုံ့ပန်း အများအပြား ဖမ်းဆီးရတယ်။ ဖမ်းဆီးထားတဲ့ သူတွေကို လိုင်း ပေါ် တင်ခွင့်မရှိဘူး” လို့ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
သုံ့ပန်းဖမ်းဆီးရမိထားတယ်လို့ သိရပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ KIA တပ်ဖွဲ့ ဝင်တစ်ဦးကလည်း ပြောပါတယ်။
“စစ်လက်နက် ပစ္စည်းတွေ အများကြီး သိမ်းရတယ်။သုံ့ပန်း အရေအတွက်ကတော့ အတိအကျတော့ မသိဘူး။” KIA နဲ့ ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးက ပြော ပါတယ်။
အင်းတော်မြို့မှာ အခိုင်အမာ လုပ်ထားတဲ့ စစ်ကောင်စီရဲ့ ဂျပန်လှိုဏ်ဂူ စခန်းကို ယမန်နေ့ ဧပြီလ ၇ ရက်နေ့ည ပိုင်းက KIA နဲ့ ပူးပါင်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
အင်းတော်မြို့ ရှိ ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးတချို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လလယ်ကတည်းက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။