ဓာတ်ပုံ- Local

မြတ်နိုး၊ ဧပြီ ၈ ရက်၊ အင်းတော်

စစ်ကိုင်းတိုင်း မန္တလေး-မြစ်ကြီးနား လမ်းမပေါ်ရှိ အင်းတော်မြို့ကို မနေ့ ဧပြီ ၇ ရက် ညပိုင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဂျပန် လှိုဏ်ဂူ သွားတိုက်တော့ စစ်ကောင်စီဘက်က အစွမ်းကုန် ခုခံတယ်။ ညနေလည်း စောင်းလာပြီ။ အတော် စိတ်ကုန်နေတဲ့ အချိန်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပေါင် ၁ ထောင်ဗုံး လာကြဲလိုက်တာ။ မျက်နှာချင်းဆိုင်ပဲ။ သူတို့ဘက်ခြမ်းမှာ ကျကွဲသွားတာ။ သွားပစ်စရာတောင် မလိုပဲနဲ့ သူတို့ဗုံးနဲ့ သူတို့ ထိတာ။ အဲမှာ ပျော်ပျော်လေးပဲ သိမ်းလိုက်တာ” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အင်းတော်မှာ ဂျပန်လှိုဏ်ဂူ သိမ်းနိုင်ပြီဆိုရင် အလုံးစုံ သိမ်းပိုက်နိုင်ပြီလို့ ပြောလို့ရကြောင်း သူက ပြောပါတယ်။

“ပေးဆပ်ရတာလည်း များတယ်။ ကျသွားသူတွေ ရှိတယ်။ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်” လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အင်းတော်ကို ထိုးစစ်ဆင်တာ ၈ လခန့်ကြာမှ အပြီးသတ် သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ စစ်ကောင်စီဘက်က အပစ်အခတ် ရပ်စဲကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ ဧပြီ ၃ ရက်မှာပဲ အင်းတော်မြို့ကို စစ်တပ်က Y 12 နဲ့ ဗုံး အလုံး ၄၀ ကျော် ၅၀ နီးပါး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကဝောာ့ ဧပြီ ၁ ရက် နေ့လယ်ပိုင်းကလည်း အင်းတော် မြို့မကျောင်းကို မိတ္ထီလာက တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ‌၄ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရကာ ဆွမ်းစားဆောင်နဲ့ ဓမ္မာရုံ မီးလောင်ပျက်စီးခဲ့သလို ရပ်တော်မူ ရုပ်ပွားတော်၊ မြို့တော်ခန်းမနဲ့ ဓမ္မမဏ္ဍိုင် ဘုန်းကြီးကျောင်း ပျက်စီးခဲ့ကြောင်း အင်းတော်တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

အင်းတော်ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် လလယ်ခန့်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။