ရွှေဖီမြေ၊ ဧပြီ ၅ ရက်၊ တန့်ယန်း

ဒီနေ့ ဧပြီ ၅ ရက် နေ့လယ် ၃ နာရီကျော်က ရှမ်းမြောက် တန့်ယန်းမြို့ ရပ်ကွက် ၄ ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးရဲ့သား နေအိမ်အနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ရွှေ လုယက်ခံခဲ့ရပါတယ်။

ကားအနက်ရောင် စီးလာသူ အမျိုးသား ၅ ဦးဟာ နေအိမ်အနီး ကား ရပ်ကာ အသင့်စောင့်ဆိုင်းပြီးတော့ ရှေ့ခန်းမှာ ထိုင်နေသူက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ တန့်ယန်းမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“သူတို့ ရွှေဆိုင်က ဈေးသစ်အတွင်းက ရွှေဆိုင်တန်းမှာ။ ၃ နာရီကျော်က လေတွေ မိုးတွေ ကျနေတဲ့အချိန် ရွှေဆိုင်ကနေ ရွှေပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်တဲ့အချိန် အိမ်နားမှာ အနုကြမ်း စီးခံရတာ။ သူ့အိမ်က ဈေးသစ်ရဲ့တောင်ဘက် အပြင်တန်းနားမှာပဲ”

ဆက်လက်ပြီး ၎င်းက “ဓားပြတိုက်ခံရတဲ့ ကောင်လေးက ၁၆၊ ၁၇ နှစ်လောက်ပဲ ရှိသေးတာ။ သူက သူ့မိဘတွေထက်အရင် ပစ္စည်းတွေယူပြီး အိမ်ပြန်တာတဲ့။ ကလေးက ရွှေထည့်ထားတဲ့ ကျောပိုးအိတ်ကို လွယ်ပြီး လမ်းလျှောက် ပြန်လာတာ အသင့်စောင့်နေတဲ့ ကားထဲကလူက ကလေးကို သေနတ်နဲ့ လှမ်းပစ်တယ်။ ဖြစ်ချင်တော့ နောက်မှာ လွယ်ထားတဲ့ ကျောပိုးအိတ်ထဲက ရွှေဘူးကို သွားထိတယ်။ ကံကောင်းလို့ ကလေးကို မထိဘူးတဲ့ ရွှေထုပ်တော့ ပါသွားတယ်” ဆိုပြီး ပြောပါတယ်။

ရရှိထားတဲ့ CCTV မှတ်တမ်းအရ ကားရှေ့ခန်းကတစ်ယောက် သေနတ်နဲ့ ပစ်ခတ်ပြီးနောက် နောက်ခန်းမှာ ထိုင်နေသူ ၂ ဦးက ကားပေါ်ကနေ ဆင်းလာပြီးတော့ ရွှေထုပ်ကို ယူဆောင်သွားပါတယ်။

တန့်ယန်းမြို့ ရပ်ကွက် ၄ ရှိ သစ္စာ ရွှေဆိုင်မှာလည်း ၂ဝ၂၄ ဖေဖော်ဝါရီ ၁၃ ရက်က အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ကာ ဓားပြတိုက်ခဲ့ရာ ဆိုင်ရှင်အမျိုးသား သေဆုံးခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တန့်ယန်းမြို့မှာ အခုလို လုယက်မှုတွေကို ကြုံတွေ့လာရတာဖြစ်ပြီး ကျူးလွန်သူ တရားခံကို ဖမ်းဆီးရမိတာလည်း မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။