ရွှေဖီမြေ၊ ဧပြီ ၅ ရက်

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်က မန္တလေးမြို့ကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ အဆင့် ငလျင် လှုပ်ခတ်မှုကြောင့် အိုးဘိုအကျဥ်းထောင်က အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေး အကျဥ်းသူ ၆ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ဒီနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ငလျင် လှုပ်ခတ်ချိန် အိုးဘိုထောင်က အမျိုးသမီးအဆောင်(၁)နဲ့ အဆောင်(၂) ပြိုကျခဲ့တာကြောင့် အကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူတွေဖြစ်တဲ့ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်းနဲ့ မဖူးဝေဝေတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် အကျဥ်းထောင်ထဲက ထိခိုက်ဒဏ်ရာရသူ ၄၀ ဦးကျော်ရှိပြီး အဲဒီအထဲက ၉ ဦးဟာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတချို့ဟာ အကျဉ်းထောင်ထဲ ကုသဖို့ မဖြစ်နိုင်ဘဲ ပြင်ပဆေးရုံကို ပို့ဆောင်ဖို့ လိုအပ်ပေမဲ့ စစ်ကောင်စီဘက်က ကုသခွင့် မပြုတာတွေ ရှိနေတယ်လို့လည်း PPNM က မနေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ ငလျင်ဒဏ်ကြောင့် ဧပြီ ၄ ရက် ည ၈ နာရီအထိ DVB သတင်းဌာနက ကောက်ယူစုဆောင်းထားတဲ့စာရင်းအရ စုစုပေါင်း သေဆုံးသူ ၄,၁၅၉ ဦးနဲ့ ဒဏ်ရာရသူ ၆,၁၆၈ ဦး ရှိလာပြီလို့ DVB က ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။