ဓာတ်ပုံ- KNDF

ခိုင်လေး၊ ဧပြီ ၅ ရက်၊ မိုးဗြဲ

‎ရှမ်းတောင် မိုးဗြဲနဲ့ ကရင်နီပြည် လွိုင်ကော်ကြားက ပီကင်းကောခူရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ KNDF က ဒီနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

‎မနေ့ ဧပြီ ၄ ရက် မနက် ၁၁ နာရီက မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ဖက်မှ မြို့တွင်းနဲ့ အနီးဝန်းကျင်က ရွာတွေကို တစ်နေကုန်နီးပါး လက်နက်ကြီး‌နဲ့ ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ပီကင်းကောခူရွာခံ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

‎”လက်နက်ကြီးတွေနဲ့ပစ်တော့ ရွာက လူတစ်ယောက် ထိပြီး သေသွားတာ။ သေသွားတဲ့ အဲအလောင်းကို သွားကောက်တုန်း စစ်တပ်က လေယာဉ်နဲ့ ပြန်လာပစ်တာ အဲမှာဘဲ နောက်ထပ် ‌၄ ယောက် ပွဲချင်းပြီး သေသွားတာ။ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေတော့ မသိရသေးဘူး” လို့ မြေပြင် အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎မနေ့ နေ့လယ် ၂ နာရီကျော်က ပီကင်းကောခူရွာထဲ တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေ ထိမှန်ကာ အလောင်း သွားကောက်တဲ့ အမျိုးသား ၄ ဦးလည်း သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

‎နိုင်ငံတစ်ဝန်း သဘာဝဘေး သင့်နေချိန် စစ်ကောင်စီဘက်က ယာယီ အပစ်အခတ် ရပ်စဲထားမယ်လို့ ဧပြီ ၂ ရက်မှာ ထုတ်ပြန်ထားပေမဲ့ ကရင်နီပြည်အတွင်း ဧပြီ ၂ ရက်ကစပြီး ဒီနေ့ထိ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

‎အလားတူ မြန်မာနိုင်ငံမှာ ငလျင်ဘေးသင့်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဒီနေ့အထိ ကရင်နီပြည်အတွင်း လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှု‌လည်း နေ့စဉ်နီးပါး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။