ဓာတ်ပုံ- Local

မိုင်းရူပ၊ ဧပြီ ၄ ရက်၊ စစ်ကိုင်း

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ဂူထဲ ပိတ်မိနေတဲ့ သံဃာတော် ၃ ပါးရဲ့ ရုပ်အလောင်းကို သံဃာတော်နဲ့ ဒေသခံတွေ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ တူးထုတ်နိုင်ခဲ့တယ်လို့ မင်းကွန်းတောင်ရိုးရှိ ဘုန်ကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။

မင်းကွန်းတောင်ရိုးရှိ ငလျင်ကြောင့် လှိုဏ်ဂူပြိုကျပြီး လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ ကိုရင် ၁ ပါးနဲ့ ဘုန်းကြီး ၂ ပါးရဲ့ ရုပ်ကလာပ်ကို မနေ့ ဧပြီ ၃ ရက်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့ နောက်ဆုံး ၁ လောင်းကို ထုတ်နိုင်ခဲ့တယ်။ ကိုယ်ထူကိုယ်ထနဲ့ တူးထုတ်ရတာ။ ဘာအကူအညီမှ မလာသေးဘူး” လို့ မင်းကွန်းတောင်ရိုးရှိ ဘုန်းကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။

မင်းကွန်းတောင်ရိုးမှာ ငလျင်ဒဏ်ကြောင့် ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်အများစု ပျက်စီးပြီး လက်ရှိမှာ ဘုန်ကြီးနဲ့ ဒေသခံတွေက သစ်ပင်အောက်မှာ ခိုလှုံနေကြရပြီးတော့ သောက်သုံးရေနဲ့ အစားအသောက် လိုအပ်နေတယ်လို့ ဆိုပါတယ်။

“သောက်ရေ၊ အစားအသောက်တွေ အဓိက လိုအပ်နေတယ်။ အကူအညီတွေလည်း မရောက်နိုင်သေးဘူး။ သစ်ပင်အောက်မှာ ဖြစ်သလို နေ နေရတယ်” လို့ ဆရာတော်က ဆက်မိန့်ပါတယ်။

မတ်လ ၂၈ ရက်မှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းတောင်မှာ သေဆုံး ဒဏ်ရာရသူ များပြီး အထင်ကရ နေရာတွေအပါအဝင် အဆောက်အဦးအများစုလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့နယ်မှာ သေဆုံးသူ ၄၀၀ ကျော်နဲ့ ဒဏ်ရာသူ ၁ ဆထာင်ကျော် ရှိကြောင်း လူမှုကူညီရေးအသင်းတွေရဲ့ စာရင်းအရ သိရပါတယ်။

ဒီနေ့ ဧပြီ ၄ ရက်အထိ စစ်ကောင်စီရဲ့ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၃,၁၄၅ ဦးနဲ့ ဒဏ်ရာရသူ ၄,၅၈၉ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၂၁ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။