ပို့လဘား၊ ဧပြီ ၄ ရက်၊ ကွတ်ခိုင်

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက်(၅) ရှမ်းဘုန်းကြီးကျောင်းရှိ နေအိမ်တစ်အိမ် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီ ၄ ရက် မနက် ၁၁ နာရီခွဲ‌ကျော်မှာ မီးစလောင်ခဲ့တာဖြစ်ပြီး အဲဒီမီးလောင်မှုမှာ လူထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တရုတ်ဆိုင်က သူ့ရဲ့ဂိုဒေါင်မှာ စလောင်ခဲ့တာ။ ဘယ်ဟာနဲ့ စလောင်တာလဲ မသိဘူး။ နောက်အိမ်ကိုပါ ကူးသွားလိုက်တယ်။ အဲဒီဆိုင်ရှင်က မူးလဲပြီး အခု ဆေးရုံ ရောက်နေတယ်”

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်နဲ့ ဒေသခံတွေ ဝိုင်းဝန်းမီးငြိမ်းခဲ့ကြပြီး ပျက်စီးဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးကိုတော့ မသိရသေးဘူးလို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

ရှမ်းမြောက် ကွတ်ခိုင်၊ မိုးမိတ်၊ ကျောက်မဲ စတဲ့မြို့တွေမှာ ပြီးခဲ့တဲ့ မတ်လအတွင်း မီးလောင်မှု ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သိန်းပေါင်း (၁,၄၀၀)ကျော် ဆုံးရှုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။