မိုင်းရူပ၊ ဧပြီ ၄ ရက်၊ သပိတ်ကျင်း

အပစ်ရပ်ဖို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ရွာမှာ မြေပြင်ထိုးစစ် ဆက်လုပ်နေပြီး လေကြောင်း တိုက်ခိုက်မှု ဆက်လုပ်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

မနေ့ ဧပြီ ၃ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်မှာ စစ်တပ်ဟာ ၇ မိုင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး တအာင်းတပ်မတော်- TNLA၊ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF ပူးပေါင်းတပ် တည်ရှိရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

“လေယာဥ်နဲ့ ၂ ကြိမ် လာကြဲတာ။ လေယာဥ်နဲ့ ကြဲပြီးတော့ မြေပြင်ကနေရော ထိုးစစ်လုပ်လာတာ။ လက်နက်ကြီး၊ ဒရုန်းနဲ့လည်း ဗုံးကြဲတာတွေ လုပ်နေတယ်” လို့ ၇ မိုင်တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ တိုက်ပွဲမှာ နှစ်ဖက်တပ် အထိအခိုက် ရှိခဲ့ပြီး ဒီနေ့ ဧပြီ ၄ ရက် ၇ မိုင်မှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ တော်လှန်ရေး အင်အားစုတွေထိန်းချုပ်ဒေသကို လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာလည်း မနေ့ ဧပြီ ၃ ရက်ကစလို့ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော်- KIA တို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ ကရင်နီနဲ့ ရှမ်းမြောက်ရှိ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်း လေကြောင်းတိုက်ခိုက်မှု ဆက်လက် လုပ်ဆောင်နေပါတယ်။

ငလျင်သင့်တဲ့ဒေသက လူထုတွေကို စာနာတဲ့အနေနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁ လကြာ အပစ်ရပ်ထားပြီး KIA က ၃ ပတ်ကြာအပစ်ရပ်ထားကာ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ၂ ပတ်ကြာ အပစ်ရပ်ထားတယ်လို့ ထုတ်ပြန်ထားကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။