ရွှေဖီမြေ၊ ဧပြီ ၄ ရက်

ငလျင်ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ မန္တလေးနဲ့ စစ်ကိုင်းအပါအဝင် တခြားမြို့နယ်တွေအတွက် အီလွန်မတ်စ်က စတားလင့်ခ် Wi-Fi အခမဲ့ ပေးနေပြီး သုံးလို့ ရနေပြီဖြစ်ကြောင်း သတင်းအမှားတွေ ထွက်ပေါ်လာပါတယ်။

အဲဒီသတင်းမှားကို Win Naing Naing ဆိုတဲ့ Facebook အကောင့်ကနေ စတင်ပျံ့နှံ့ပြီး တခြား လူမှုကွန်ရက်တွေကလည်း ကျယ်ကျယ်ပြန့်ပြန် ပြန်လည်ကူးယူ ဖော်ပြထားတာကို တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့ပြီး အဲဒီပို့စ်ကို ပြန်လည် မျှဝေသူ ၇၁၃ ဦးအထိ ရှိနေပါတယ်။ သတင်းအမှားတွေကို ဒီလင့်ခ်တွေမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

သတင်းအမှားလင့်ခ်- https://archive.ph/8td8O

#သတင်းစစ်ဆေးချက်

အဲဒီဂြိုလ်တုလိုင်းဟာ လိုအပ်တဲ့ Software တွေကို မိုဘိုင်းဖုန်းမှာ ထည့်သွင်းဖို့ လိုအပ်တာဖြစ်လို့ လက်ရှိမှာ ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်သုံးလို့ မရနိုင်သေးကြောင်း သိရှိရပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့ နယူးဇီလန်မှာသာ Direct to Cell လို့ခေါ်တဲ့ ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်လို့ရတဲ့ ဖုန်းအမျိုးစားတွေကို ထုတ်လုပ်ဖို့ စီစဥ်ထားပြီး Starlink တိုက်ရိုက် ချိတ်ဆက်လို့ရတဲ့ ဖုန်းအမျိုးအစားကို ၂၀၂၅ ဇူလိုင်လမှ အသုံးပြုနိုင်မှာဖြစ်တယ်လို့ Via Satellite ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

Via Satellite- https://rb.gy/55b968

Starlink ပိုင်ရှင် အီလွန်မတ်စ်အနေနဲ့ ငလျင်ဒဏ်ခံရတဲ့ နယ်မြေတွေမှာ စတားလင့်ခ် သုံးစွဲနိုင်ဖို့အတွက် စတားလင့်ခ် ကိရိယာတွေ ပံ့ပိုးနိုင်ဖို့ သက်ဆိုင်ရာ အစိုးရဆီမှာ ခွင့်ပြုချက် တောင်းခံထားတယ်လို့သာ X လူမှုကွန်ယက်တစ်ခုမှာ မျှဝေထားပြီး Direct to cell အသုံးပြုလို့ ရမယ်လို့ ပြောထားတာမျိုး မတွေ့ရပါဘူး။

X post- https://x.com/Starlink/status/1905777899204137068

ဒါ့အပြင် မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှ ဒေသခံတွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း အဲဒီအင်တာနက်ဟာ အသုံးပြုလို့ မရကြောင်းနဲ့ မြေပြင်မှာ ဖုန်းလိုင်းလည်း နေရာတချို့မှာသာရပြီး အင်တာနက်လိုင်းလည်း နေရာတချို့မှာသာရကြောင်း ရွှေဖီမြေသို့ အတည်ပြု ပြောဆိုပါတယ်။

“ဘာမှ သုံးရတာ မရှိပါဘူး။ လိုင်းပေါ်လျှောက်ပြောနေကြတာ” လို့ မန္တလေးမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Myanmar Fact-Checking Network ကလည်း အချက်အလက်တွေ စစ်ဆေးထားပါတယ်။

လင့်ခ်- https://www.facebook.com/share/v/1XmYVNFjEE/

#သုံးသပ်ချက်

လက်ရှိ မြေပြင်မှာ ဖြစ်ပျက်နေတာနဲ့ ထုတ်ပြန်ချက်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်မယ်ဆိုရင် အဆိုပါအကြောင်းအရာတွေဟာ သတင်းအမှားတွေသာဖြစ်ကြောင်း ပြောနိုင်ပါတယ်။

လက်ရှိမှာ လူထုတွေက ငလျင်ဘေးဒဏ် ခံစားနေကြရတာကို အခွင့်ကောင်းယူပြီး အွန်လိုင်းပလက်ဖောင်းမှ Software, QR code ဒါမှဟုတ် Links တွေကနေ အချက်အလက်ခိုးယူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အသုံးပြုဖို့ တိုက်တွန်းနှိုးဆော်ထားတဲ့ ဆော့ပ်ဝဲတိုင်းနဲ့ လင့်ခ်တိုင်းကို အလွယ်တကူ မဝင်ကြဖို့ သတိပေး တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ရွှေဖီမြေရဲ့ စာဖတ်ပရိသတ်တွေကလည်း အွန်လိုင်းပေါ်က တက်လာတဲ့ သတင်းတွေတိုင်းကို အလွယ်တကူ မယုံကြဘဲ လွတ်လပ်တဲ့ သတင်းမီဒီယာဌာနက တင်ဆက်ထားတာ ရှိမရှိ တိုက်ဆိုင်စစ်ဆေးဖို့နဲ့ ရှာဖွေဖတ်ရှုကြဖို့ကို အကြံပြု တိုက်တွန်းလိုက်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

Facebook ပေါ် Mai Tea Land အကောင့်ပုံစံ ပြုလုပ်ထားပြီး ဗိုလ်ချုပ် တားဘုန်းကျော် ရေးထားတဲ့စာဆိုပြီး သတင်းအမှား ပျံ့နေ

မနေ့ ဧပြီ ၁၀ ရက်မှာ ဖေ့ဘုတ်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ Mai Tea Land အကောင့်နဲ့ စာတို ရေးထားတာဟာ တအာင်းတပ်- PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ဖြစ်ကြောင်း ဖေ့ဘုတ်စာမျက်နှာတချို့နဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ပျံ့နှံ့လာတာကို တွေ့နေရပါတယ်။

နောင်ချို ဘုန်းကြီးကျောင်းမှာ TNLA စခန်းချ နေထိုင်တာကြောင့် ဗုံးကြဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ တအာင်းတပ်မတော်- TNLA က ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စခန်းချ နေထိုင်တာကြောင့် စစ်ကောင်စီတပ်က အခုလို ဗုံးကြဲရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

နောင်ချိုမှာ TNLA အစည်းအဝေးလုပ်တဲ့ ထွေအုပ်ရုံးကို ဗုံးကြဲလို့ TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။

လားရှိုး စစ်ရှောင်တွေရဲ့ နေအိမ်ကို MNDAA က သိမ်းယူပြီး ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က စစ်ရှောင်ရဲ့ နေအိမ်တွေကို MNDAA က သိမ်းယူပြီး အိမ်ငှားအဖြစ် ပြန်ငှားနေတယ်ဆိုတဲ့ သတင်းအမှား လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။