မြတ်နိုး၊ ဧပြီ ၃ ရက်၊ ဝိုင်းမော်

စစ်ကောင်စီက ရက် ၂၀ ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ဝိုင်းမော်အနီး လုမြန်နဲ့ စန်းကားရွာဘက်ရှိ KIA တပ်စခန်းကို ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းကစ စစ်တပ်ဘက်က စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအပြင် ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ဝိုင်းမော်အနီး စန်းကားရွာနားမှာ ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်နေတယ်။ အရင်ရက်ပိုင်းကပဲ KIA တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီ ကာကင်းစခန်းမှာ ဖြစ်တာ” လို့ ‌ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝိုင်းမော်အနီး လုမြန်ရွာအနီးဘက်မှာလည်း ဒီနေ့မနက် ၈ နာရီခန့်က စစ်ကောင်စီ စစ်ကြောင်း ထိုးလာလို့ လက်နက်အကြီး၊ အသေးနဲ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်ကနေ ချီဖွေ၊ ကံပိုင်တီဘက်သွားတဲ့ လမ်း‌မပေါ်ရှိ ဝူယန်နဲ့ လုမြန်ရွာကြားမှာ ဒီနေ့မနက် ၈ နာရီခွဲခန့်က KIA တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ဘက် စစ်ကောင်စီတပ်ဖွဲ့က ထိုးစစ် ဆင်လာလို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း၊ စစ်တပ်ဘက်က ခလရ ၅၈ ကနေ လက်နက်ကြီး ဆက်တိုက် ပစ်ကူနေ ကြောင်း၊ ဧပြီ ၂ ရက် ညနေ ၅ နာရီခန့်ကလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ဒီနေ့ ဧပြီလ ၃ ရက်နေ့ မနက် ၆ နာရီခွဲ ဝန်းကျင်ကတည်းကစ အင်းတော်ဘက် စစ်ကောင်စီတွေ Y-12 နဲ့ ဗုံးကြဲနေတာ။ တစ်ခါ ကြဲရင် ၈ လုံး ၁၀ လုံးလောက် ကြဲတယ်လို့ ထင်ရတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းမှာတင် လေကြောင်းနဲ့ ဗုံးအလုံး ၅၀ ခန့် ကြဲသွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားဘက်က တက်လာတဲ့ Y-12 လေယာဉ်တွေလည်း ဒီနေ့ ဧပြီ ၃ ရက် မနက် ၉ နာရီခန့်ကတည်းက ဗန်းမော်မှာ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ငလျင်ဘေးဒဏ်ကြောင့် စစ်တပ်ဘက်က ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ အပစ်အခတ် ယာယီ ရပ်စဲကြောင်း မနေ့ ဧပြီ ၂ ရက်က အသိပေးကြေညာစာ ထုတ်ပြန်ထားတာပါ။

အလားတူ KIO/KIA အနေနဲ့လည်း ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း၊ စစ်ကောင်စီဘက်က ထုတ်ပြန်ချက် အပိုဒ် ၄ ပါ အကြောင်းအရာ အချက်အလက်တွေကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့သာမက စစ်တပ်ဘက်ကလည်း လိုက်နာဖို့ လိုအပ်ကြောင်း KIO ဗဟိုကော်မတီကလည်း ဧပြီ ၂ ရက်က အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။