ဓာတ်ပုံ- SSPP

ရွှေဖီမြေ၊ ဧပြီ ၃ ရက်၊ မိုင်းကိုင်

ရှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် မနက် ၈ နာရီ ၁၅ မိနစ်က မိုင်းကိုင်မြို့နယ် ဝမ်ဟေ့ကျေးရွာဘက်လာတဲ့ အရပ်သား ကားတစ်စီးကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့ပြီး ကားလည်း ပျက်စီးခဲ့တယ်လို့ ‌SSPP က ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာ ရခဲ့တဲ့ အရပ်သား ၂ ဦးကို SSPP ရဲ့ ကျန်းမာရေးဌာနက ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

RCSS ဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ နဲ့ ၃၁ ရက်က မိုင်းကိုင်မြို့နယ် ပန်ကေတုနဲ့ ဝမ်ဟီးရွာကြားမှာ ကားစီးလာတဲ့ SSPP စစ်ကြောင်းကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

RCSS မိုင်းဆွဲတိုက်ခိုက်မှုကို အပစ်အခတ် ရပ်စဲထားတဲ့ သဘောတူညီချက်စာချုပ်အပေါ် ငဲ့ညာ‌တဲ့အနေနဲ့ မတုန့်ပြန်သေးဘူးလို့ SSPP/SSA က ပြောဆိုပါတယ်။

SSPP ရဲ့ ထုတ်ပြန်ချက်ကို RCSS ဘက်ကတော့ ပြန်လည် တုန့်ပြန်ကာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ရှမ်းတောင်မှာ RCSS နဲ့ SSPP တို့ မကြာခဏ ပစ်ခတ်တာ မိုင်းဆွဲတိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။