ဓာတ်ပုံ- Google

မြတ်နိုး၊ ဧပြီ ၂ ရက်၊ အင်းတော်

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲ မနေ့ ဧပြီ ၁ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးဒဏ်ရာရသူ ရှိ‌နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“အင်းတော် မြို့မကျောင်းကို ဧပြီလ ၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲချခဲ့လို့ ဘုရားကုန်းမှာ ရှိနေတဲ့ အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရတယ်။ ရပ်တော်မူဘုရားလည်း လေယာဉ်ဗုံး ထိထားတယ်လို့ သိရတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အင်းတော်ဘက်က တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်တပ်က ခြေလျင် စစ်ကြောင်းရော လေကြောင်းနဲ့ရော ၃ ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သူက ပြောပါတယ်။

“အင်းတော်မှာ တိုက်ပွဲ ပြန်ဖြစ်တယ်။ ဟိုတနေ့ကစပြီးတော့ တိုက်ပွဲ ပြန်ဖြစ်နေတယ်” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ကား သွားလာခွင့်အပြင် ဆိုင်ကယ် သွားလာခွင့်ကိုပါ ယာယီ ပိတ်ထားပြီး ကသာဘက်ကတော့ လမ်းဖွင့်တယ်လို့ သူက ပြောပါတယ်။

အင်းတော်မြို့နဲ့ အနီးတစ်ဝိုက်က လမ်းပိုင်းတွေကို တိုက်ပွဲဖြစ်ပွားချိန်နဲ့ စစ်ရေး တင်းမာချိန်တွေမှာ ဖြတ်သန်းခွင့် ယာယီ ပိတ်လေ့ရှိပြီး တိုက်ပွဲ ငြိမ်သက်ချိန် ပြန်လည် ဖြတ်သန်းခွင့် ပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

“မြို့ထဲကို ကြဲတာပါ။ လူတွေ ဒုက္ခရောက်နေကြတာကို ဘယ်လို စိတ်ဓာတ်တွေနဲ့ ဗုံးကြဲ နေကြလဲ မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ ဧပြီ ၁ ရက် မနက် ၇ နာရီခန့်ကစ ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

အင်းတော်မြို့နယ်တစ်နေရာသို့ မိတ္ထီလာ လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ မနေ့ နေ့လယ် ၁၂ နာရီ ၃၃ မိနစ်မှာတစ်ကြိမ်၊ ၁၂ နာရီ ၃၅ မိနစ်မှာတစ်ကြိမ်၊ ၁၂ နာရီ ၄၃ မိနစ်မှာတစ်ကြိမ်၊ ၁၂ နာရီ ၄၅ မိနစ်မှာတစ်ကြိမ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လေကြောင်းအန္တရာယ်ကို စောင့်ကြည့်နေတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ မှတ်တမ်းအရ သိရပါတယ်။

အင်းတော်မြို့ဝန်းကျင်က စစ်ကောင်စီ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းနဲ့ ရှမ်းတောင်ဘက်က မြို့၊ ရွာတွေဘက်မှာ အကူအညီ အရေးပေါ် လိုအပ်နေချိန် စစ်တပ်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေး တင်းမာတဲ့နေရာဘက် လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။