ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဧပြီ ၂ ရက်၊ နေပြည်တော်

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ကြောင့် ဝန်ထမ်းအိမ်ယာအများစု ပြိုကျပြီး အလောင်းတွေ ထုတ်လို့ မရသေးတာကြောင့် အပုပ်နံ့ ဆိုးဆိုးဝါးဝါး ထွက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ နေရာတွေကို နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

“ကယ်ဆယ်ရေးတွေ လုပ်နေတယ်။ တချို့ နိုင်ငံတကာ အဖွဲ့တွေလည်း ရောက်နေတယ်။ စစ်ရုံးလည်း ထိတယ်။ အပုတ်နံ့တွေလည်း တော်တော်ဆိုးနေတယ်” လို့ နေပြည်တော်မှ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ငလျင် လှုပ်ခတ်မှုကြောင့် နေပြည်တော်မှာ လွှတ်တော်အဆောက်အဦးအပါအဝင် စစ်ကောင်စီရဲ့ ဝန်ကြီးရုံးလည်း ပျက်စီးမှု အများစု ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ချိတ်ပိတ်ထားတဲ့ နေပြည်တော်ရှိ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ နေအိမ်လည်း ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ငလျင် လှုပ်ခတ်မှုဖြစ်ပြီး ၆ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ ဧပြီ ၂ ရက်အထိ နေပြည်တော် ဥတ္တသီရိမြို့နယ် ဟိုတယ်အေးချမ်းမှာ ပိတ်မိနေတဲ့ အမျိုးသား ၁ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းအထိ စစ်ကောင်စီ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ ထိခိုက်သေဆုံးသူ ၂,၈၈၆ ဦးနဲ့ ဒဏ်ရာရသူ ၄,၆၃၉ ဦးနဲ့ ပျောက်ဆုံးနေသူ ၃၇၃ ဦးအထိ ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။