မိုင်းရူပ၊ ဧပြီ ၁ ရက်၊ မိုးမိတ်

ရှမ်းမြောက် မိုးမိတ်မြို့မှာ စက်သုံးဆီတွေ တင်သွင်းလို့ မရသေးတာကြောင့် ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဘေးဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်းဘက်ကနေ ဆီတင်သွင်းလို့ မရတော့ဘဲ ငလျင် မဖြစ်ခင်က ဓာတ်ဆီ တစ်လီတာကို ၆ ထောင်ဝန်းကျင် ရှိရာကနေ လက်ရှိမှာ ၁ သောင်းကျော်အထိ စျေးပေါက်နေတယ်လို့ ဆိုပါတယ်။

“တစ်မြို့လုံး လိုက်ပတ်ဝယ်တာ ၁ ဗူးလောက်ရရင် ကံကောင်းပြီ။ ၁ လီတာကို ၁ သောင်းကျော်နေပြီ။ ဝယ်ဖို့လည်း မရှိဘူး” လို့ မိုးမိတ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အလားတူ မန္တလေးတိုင်း မိုးကုတ်မြို့မှာလည်း စက်သုံးဆီ လိုသလောက် ဝယ်ယူလို့ မရတော့ဘဲ ဆီတစ်လီတာကို ၁ သောင်းအထိ စျေး မြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးမြို့အပါအဝင် စစ်ကိုင်း၊ နေပြည်တော်နဲ့ ရှမ်းတောင်မှာ အဆောက်အဦးတွေ ပျက်စီးခဲ့သလို လူပေါင်း ထောင်နဲ့ချီလည်း သေဆုံးခဲ့ပါတယ်။

ငလျင် လှုပ်ခတ်မှု စတင်ဖြစ်ပွားတဲ့ မတ်လ ၂၈ ရက်ကနေ မနေ့ မတ်လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၂,၀၅၆ ဦးနဲ့ ဒဏ်ရာရသူ ၃,၉၀၀ ဦးရှိပြီး ပျောက်ဆုံးနေသူ ၃၀၀ ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။