ဓာတ်ပုံ- CJ

ခိုင်လေး၊ ဧပြီ ၁ ရက်၊ စစ်ကိုင်း

ငလျင် ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ စစ်ကိုင်းတိုင်းဘက် မလေးရှားက ကူညီကယ်ဆယ်ရေးအဖွဲ့‌ ရောက်လာပေမဲ့ ထိခိုက်ပျက်စီးတဲ့ အဆောက်အဦး များတာကြောင့် တချို့နေရာမှာ အလောင်းတွေ မထုတ်နိုင်သေးဘဲ ပုတ်နံ့ ထွက်နေ‌ပါတယ်။

‎သဘာဝဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ဖို့ မလေးရှားနိုင်ငံကနေ စေလွှတ်ခဲ့တဲ့ SMART Team MAS-01 အထူးကယ်ဆယ်ရေးတပ်ဖွဲ့က စစ်ကိုင်းဘက် မနေ့ မတ်လ ၃၁ ရက် မနက်ပိုင်းမှာ ရောက်ရှိလာတယ်လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”အခြားက ကယ်ဆယ်ရေးတွေ မရောက်လာဘူးဆိုတာထက် ပြည်တွင်းမှာလည်း ကယ်ဆယ်ရေးတွေ ရှိတယ်ပေါ့နော်။ ပစ္စည်းတွေ နည်းပညာတွေ မလုံလောက်တာပေါ့။ ကယ်ဆယ်ရေးတွေက Coverage မဖြစ်တာ။ ကယ်တဲ့သူတွေကတော့ သွားနေတာဘဲ။ တစ်ကယ့်အခြေအနေကြီးမှာ ပိတ်နေတဲ့ဟာကြီးကို ဘယ်လို ဖယ်ရမှာဆိုတာက ဒီနည်းပညာပိုင်းရော အတတ်ပညာပိုင်းရော ပစ္စည်းပိုင်းရော အားနည်းနေတာ”

‎ပြိုကျသွားတဲ့ အဆောက်အဦးတွေကို ရှင်းလင်းဖို့ ကရိန်း၊ မြေကော်ကားအရေအတွက် လုံးဝ မမျှတတာ‌ကြောင့် ငလျင် လှုပ်ခတ်မှု ၃ ရက်ကျော် ကြာခဲ့ပေမဲ့ လက်ရှိအချိန်ထိ မကယ်တင်‌ပေးနိုင်သေးသူ‌ အများစု ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

‎”ကျောင်းမှာ ပိတ်မိပြီး သေသွားတဲ့ ဆရာလေးတစ်ပါးကို အခုချိန်ထိ မထုတ်နိုင်သေးဘူး။ ကယ်ဆယ်ရေးတစ်ဖွဲ့က ရောက်လာတယ်။ သူတို့က ဒီလိုဘဲ ကြည့်သွားတယ်။ ပိတ်မိနေတာတော့ တွေ့တယ်။ သူတို့ကလည်း အပေါ်တက်ပြီး သွားမယူရဲကြဘူး။ တခြားကျောင်းက ပြိုကျလို့ ပိတ်မိနေတာများတော့ အများကြီး ပိတ်မိတဲ့ နေရာတွေကိုဘဲ အရင်သွားရှင်းတာ ထင်တယ်” လို့ ဆရာလေးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။

‎ငလျင်ကြောင့် စစ်ကိုင်းမြို့နဲ့ အနီးတစ်ဝိုက်က တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေမှာ ကျေးရွာပေါင်း ၄၃ ရွာ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်၂၃၁ လုံး၊ နိုင်ငံပိုင်နဲ့ ဘာသာရေးအဆောက်အဦး ၂၇၃ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

‎လက်ရှိမှာ စစ်ကိုင်းမြို့က နေရာတချို့မှာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်း ပြတ်တောက်နေပြီး ဒေသခံတချို့က ရေနဲ့ အစားအသောက် လိုအပ်နေသလို တချို့လည်း လမ်းမတွေပေါ် တဲထိုးပြီး နေထိုင်နေရတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။