ဓာတ်ပုံ- APM

အိုက်ပွီး၊ ဧပြီ ၁ ရက်၊ မြောက်ဦး

ငလျင်ဘေးအတွက် အကူအညီ လိုအပ်နေချိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က မြေပြင်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်က အသက် ၆၆ နှစ်အရွယ် ဦးအောင်ကျော်ဇံ ဖြစ်ပါတယ်။

မနေ့ မတ်လ ၃၁ ရက် ည ၁၀ နာရီဝန်းကျင်မှာ မြောက်ဦးမြို့ အမှတ်(၃၁) ရဲတပ်ရင်းဟောင်းအနီး အရပ်သားတွေ နေထိုင်တဲ့ ရပ်ကွက်ထဲက နေရာတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဗုံးသီးက သုံးလေးနေရာမှာ ကျပေါက်ကွဲပါတယ်။ အဲမှာ ညဘက် လမ်းထွက်လျှောက်တဲ့ အရပ်သားတစ်ဦး ဗုံးသီးစ ခေါင်း ထိမှန်လို့ ပွဲချင်းပြီး သေဆုံးသွားတယ်။ စစ်တပ်က မြေပြင်မှာ ဘာမှရှိတာလဲမဟုတ်ဘဲ အရပ်သားတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတာပါ” လို့ မြောက်ဦးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကလည်း မြောက်ဦးမြို့ အမှတ်(၃၁) ရဲတပ်ရင်းဟောင်းအနီးကို ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

အဲဒီရဲတပ်ရင်းဟာ မြောက်ဦးမြို့အစွန် အလယ်ဈေးရပ်ကွက် ကိုးသောင်း ရှေးဟောင်းဘုရားအနီးမှာ ရှိနေတာ ဖြစ်ပါတယ်။

မနေ့မနက် ၉ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ် ဝါးနက်ချွိန်ရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ရေတပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဇင်ချောင်းကုန်ဘွေရွာက ရဟန်းတစ်ပါးအပါအဝင် နှစ်ဦး သေဆုံးပြီး ရဟန်းနှစ်ပါးအပါအဝင် ၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်က အာရက္ခတပ်တော်- AA ထိန်းချုပ်တဲ့မြို့အပါအဝင် ကျောက်ဖြူ၊ စစ်တွေမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လို့ အရပ်သား ထိခိုက်သေဆုံးမှု ရှိနေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။