ဓာတ်ပုံ- အင်းလေးဒေသ လူ့အခွင့်အရေး

ပို့လဘား၊ ဧပြီ ၁ ရက်၊ ညောင်ရွှေ

ရှမ်းတောင် ညောင်ရွှေမြို့နယ် ရေပူရွာကို စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဒရုန်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က မနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့ မတ်လ ၃၁ ရက်မှာ စစ်တပ်နဲ့ PNO တပ်ဖွဲ့ဟာ ရေပူရွာထဲ ဒရုန်း အသုံးပြုပြီး လက်နက်ကြီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ညောင်ရွှေဒေသခံ အမျိုးသားတစ်ဦးက “မနက်ကတည်းက သူတို့ပစ်နေတာ။ ညနေ ၆ နာရီအထိ အသံကြားနေရတာပဲ။ အဲရွာက သူတို့ ဟိုတစ်လောက ရှောင်ကြတာ။ ဘယ်သူမှ မနေကြတော့ဘူး။ အိမ်တွေတော့ ထိတယ်ပြောကြတာပဲ” လို့ ပြောပါတယ်။

အင်းလေးဒေသက ကျေးရွာတချို့မှာ ငလျင်ဒဏ်ကြောင့် ဒုက္ခကြုံတွေ့နေရချိန်မှာ စစ်တပ်နဲ့ PNO က ပါဝင်ကူညီတာ မရှိဘဲ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်နေတယ်လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကလည်း ညောင်ရွှေမြို့နယ် အင်းလေး တောင်ခြမ်းဘက်ရှိ ဘုရားတောင်ရွာကို စစ်တပ်နဲ့ PNO က လက်နက်ကြီး ၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်လို့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ရှမ်းမြောက် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာကို မနေ့ မတ်လ ၃၁ ရက်မှာ စစ်တပ်က ဒရုန်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သလို မန္တလေးတိုင်း စဉ့်ကူးမြို့ လက်ပံလှရွာကိုလည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။