လွေးထွေး၊ ဧပြီ ၁ ရက်၊ ပင်လုံ

ရှမ်းတောင် ပင်လုံမြို့က သင်္ဃန်းအရောင်းဆိုင်တစ်ခု မီးလောင်ရာကနေ အိမ်ရှင်မိသားစုဝင် ၃ ဦးလည်း သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ပင်လုံမြို့နေ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပင်လုံမြို့ ရပ်ကွက်(၁) ပညာတံခွန်လမ်းက သင်္ဃန်းအရောင်းဆိုင်ဟာ ဒီနေ့ ဧပြီ ၁ ရက် မနက် ၂ နာရီဝန်းကျင်ကနေ မနက် ၄ နာရီအထိ မီးလောင်ခဲ့ပြီး အိမ်ရှင်အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ပင်လုံမြို့နေ အမျိုးသမီးတစ်ဦးက “မီး စလောင်ကတည်းက ပတ်ဝန်းကျင်က ခေါ်နှိုးတယ်။ သူတို့ မကြားကြဘူးတဲ့။ သေတာအပြင် ဒဏ်ရာရသူလည်း ရှိတယ်။ အတိအကျတော့ မသိသေးဘူး။ မီးကလည်း ဘာကြောင့် လောင်လဲ မသိရဘူး” လို့ ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နေရာကို လွိုင်လင်ခရိုင် မီးသတ်ကား ၃ စီး၊ ပင်လုံမြို့က မီးသတ်ကား ၂ စီးနဲ့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့တာဖြစ်ပြီး ဒီမနက် ၄ နာရီမှ အပြီးသတ် မီးငြိမ်းနိုင်ခဲ့‌တယ်လို့ ဆိုပါတယ်။

အလားတူ မနေ့ မတ်လ ၃၁ ရက်ကလည်း ကျောက်မဲမြို့နယ် မန်စန်းရွာမှာ မီးလောင်မှုဖြစ်လို့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ မတ်လအတွင်း ရှမ်းမြောက်မှာ မီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။