ရွှေဖီမြေ၊ မတ်လ ၃၁ ရက်

ငလျင်ဘေးသင့်သူ‌တွေအတွက် တအာင်းအရပ်ဖက်အဖွဲ့အစည်း- TCSOs က သိန်း ၂၂၀ နဲ့ ကိုးရီးယားရောက် တအာင်းအသင်းက သိန်း ၁၀၀ မတည်ပြီး မြို့နယ် ၆ ခုမှာ TCSO က အလှူငွေ ကောက်ခံသွားမယ်လို့ ဒီနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်သွားတဲ့ ၇.၇ ပြင်းအားရှိတဲ့ မြေငလျင်ကြောင့် လူသားချင်း စာနာထောက်ထားမှုအနေနဲ့ သဘာဝဘေးဒဏ်သင့်သူနဲ့အတူ အခက်အခဲ ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် TCSOs အနေနဲ့ ငလျင်ဘေးဒဏ်သင့်သူ‌တွေအတွက် သိန်း ၂၂၀ မတည်လှူဒါန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ္မတူ စတဲ့မြို့နယ် ၆ မြို့နယ်မှာ အလှူခံဌာန ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြည်တွင်းပြည်ပ အလှူရှင်နဲ့ မဟာမိတ်အဖွဲ့အစည်းတွေ တတ်စွမ်းသလောက် TCSOs နဲ့အတူ လက်တွဲကာ “ပြည်သူမှ ပြည်သူသို့ People to People” နဲ့ ပါဝင်လှူဒါန်းပေးကြဖို့ တိုက်တွန်းနှိုးဆော်ကာ အသိပေးထားပါတယ်။

မြေငလျင်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ အချိန် ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပြီး လူသားချင်း စာနာထောက်ထားမှုနဲ့ ကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်း‌တွေကို အားစိုက် လုပ်ဆောင်သင့်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ငလျင်ဘေးသင့်သူတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် ကိုရီးယားရောက် တအာင်း(ပလောင်)အသင်းကလည်း ကျပ်သိန်း ၁၀၀ မတည်လှူဒါန်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၇.၇ အဆင့်ရှိပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ရှမ်းတောင်မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ များခဲ့ပါတယ်။

ငလျင်ကြောင့် ဒီနေ့ မတ်လ ၃၁ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သေဆုံးသူ ၃,၁၉၅ ဦးနဲ့ ဒဏ်ရာရသူ ၄,၅၆၅ ဦးအထိရှိလာပြီး ပျောက်ဆုံးသူ ၄၉၈ ဦး ရှိနေကြောင်း DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။