အိုက်ပွီး၊ မတ်လ ၃၁ ရက်၊ မန္တလေး

မန္တလေး ငလျင်မှာ စစ်ကိုင်းတိုင်း တမူးမြို့နယ်က စစ်ဘေးရှောင် ၁၀ ဦးထက်မနည်း သေဆုံးပြီး အများစု အဆက်သွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ ဒီနှစ်အစောပိုင်းက တမူးမြို့နယ်တိုက်ပွဲနဲ့ မြို့သိမ်းတိုက်ပွဲ သတင်းတွေကြောင့် မန္တလေးမြို့ဘက် ထွက်ပြေးတိမ်းရှောင်နေကြသူတွေ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေး ငလျင်ကြောင့် တိုက်ခန်းတွေမှာ ငှားရမ်းနေထိုင်ကြတဲ့ တမူး စစ်ဘေးရှောင်တွေဟာ ထိခိုက်သေဆုံးပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြတာပါ။

“တမူး တိုက်ပွဲတုန်းက ကလေး-တမူးကားလမ်း ပိတ်ထားတော့ အများစုက မန္တလေးဘက် ပြေးကြတယ်။ မန္တလေးမှာ အခန်းငှားပြီး နေကြတယ်။ အခု မန္တလေး ငလျင်ကြောင့် ၈ ယောက်၊ ၉ ယောက်လောက်က သေဆုံးတာ အတည်ပြုနိုင်တယ်။ ဒီထက်လည်း များနိုင်တယ်။ အများစုက အဆက်အသွယ် မရကြဘဲ ပျောက်ဆုံးနေသေးတယ်” လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ကောင်းမွန်စွာ မရရှိတာ၊ စစ်ဘေးရှောင်နဲ့ ဆက်သွယ်လို့ မရသေးတာကြောင့် သေဆုံးမှု အရေအတွက်ဟာ ဒီထက် ပိုများလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် တမူးမြို့နယ်ကနေ မန္တလေးသို့ ကုန်သွားဝယ်တဲ့ ကုန်သည်အများစုနဲ့လည်း အဆက်အသွယ် မရကြဘူးလို့ သိရပါတယ်။

“အခုက ကုန်စည် ဝယ်မယ်ဆိုရင် မန္တလေးဘက်ပဲ သွားကြတယ်။ အနီးအနားက မြို့တွေမှာ ဝယ်ရင် ဈေးကြီးတယ်။ အမြတ်ငွေ နည်းတယ်။ မန္တလေး တိုက်ရိုက်ဝယ်ယူရင် ဈေးသက်သာတယ်။ အဲဒါကြောင့် နောက်ပိုင်း တမူးမြို့နယ်က ကုန်သည်အများက မန္တလေးမှာပဲ ဝယ်ကြတယ်။ အခုလည်း ကုန်သွားဝယ်တဲ့ ကုန်သည်အများစု ငလျင်ကြောင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်။ သေလား ရှင်သလား မသိရဘဲ မိသားစုဝင်တွေ စိုးရိမ်သောက ရောက်နေကြတယ်” လို့ တမူးမြို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြောင့် မန္တလေးမြို့မှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးပြီး လူ ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။