ဓာတ်ပုံ- ကေလာ ပရဟိတအသင်း

အင်းငယ်၊ မတ်လ ၃၁ ရက်၊ အင်းလေး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ငလျင်ဒဏ်ကြောင့် အိမ်ထောင်စုပေါင်း ၃ ထောင်နီးပါးဟာ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက သတင်းပေးပို့လာပါတယ်။

မတ်လ ၂၈ ရက်က ၇.၇ ပြင်းအားရှိ မြေငလျင် လှုပ်ခတ်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှု များပြီး ကယ်ဆယ်ရေးနဲ့ အရေးပေါ် အကူအညီ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

ကူညီဆောင်ရွက်ပေးနေသူ လူမှုကူညီရေး အသင်းဝင်တစ်ဦးက “အလောင်းတွေကတော့ အကုန်ထုတ်မရသေးဘူး။ သေတာကတော့ သေချာသလောက်ပါပဲ။ ရွှံ့နွံထဲ နစ်နေတာတွေက လူအားနဲ့ ဘယ်လိုမှ ထုတ်လို့မရဘူး။ စက်ပစ္စည်းပိုင်းကလည်း အကန့်အသတ် ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိ အင်းလေးဒေသတွင်းမှာ စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး အထောက်အကူပစ္စည်းတွေ ဦးစားပေး လိုအပ်ပြီး Dead Body ထည့်တဲ့ အိတ်တွေလည်း ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။

အကူအညီ လိုအပ်တဲ့ ရွာတွေဟာ ကေလာရွာ ၅ ရပ်ကွက်မှာ ၈၅၀ အိမ်၊ ဟဲယာရွာမ ၁၄ ရပ်ကွက်မှာ ၃၂၅ အိမ်၊ နန်းပန်မြို့ ၃ ရပ်ကွက်မှာ ၄၈၃ အိမ်၊ ရှေ့ဝကြီးရွာ ၁၁၅ အိမ်၊ အိမ်ထောင့်ကြီးရွာ ၂၅၀ အိမ်၊ မြောင်းဝကြီးရွာ ၈၅ အိမ်၊ အင်းခြံ ၂၅ အိမ်၊ သလဲဦးအင်းရွာ ၁၅၅ အိမ်၊ ညောင်ဝန်း ၁၅၈ အိမ်၊ ကြေးစားအုပ်စု ၃ ရွာပေါင်း ၃၀၇ အိမ်၊ ကန်ခေါင်း ၁၅ အိမ်၊ အင်းပေါခုံ ၂၀ အိမ်၊ ပွဲစားကုန်း ၂ အိမ်ဖြစ်ပြီး လက်လှမ်းမမှီသေးတဲ့ ကျေးရွာတွေမှာ အိမ်ထောင်စု ထောင်နဲ့ချီ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ငလျင်ဒဏ်သင့် ကြေးစားကုန်း ဒေသခံတစ်ဦးက “ကျမတို့ မြောက်ရွာကတော့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ စုနေကြတယ်။ ထပ်ပြိုရင်တော့ မတတ်နိုင်ဘူး။ အကူအညီလည်း ဘယ်သူမှ မလာသေးဘူး” လို့ ပြောပါတယ်။

အင်းလေးဒေသတွင်း ကုန်းမြေရှိတဲ့ ကျေးရွာတွေက ကွင်းပြင်မှာ တဲထိုးကာ နေထိုင်ကြပြီး ရေပြင်ပေါ်က ရွာတွေကတော့ ရေခြံတွင်းမှာ တဲထိုး နေထိုင်တာ၊ လှေပေါ်မှာ အိပ်တာတွေ ပြုလုပ်နေကြတယ်လို့ ကေလာရွာအတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

အင်းလေးဒေသတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူထဲ ၄၁ ဦးနဲ့ ကေလာရွာက အများဆုံးဖြစ်ပြီး အဲဒီထဲမှာ မွေးကင်းစကလေး၊ မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုအားလုံးနီးပါး ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။