ဓာတ်ပုံ- Local

ယာရူစိင်၊ မတ်လ ၃၁ ရက်၊ တံတားဦး

မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၁၂၀ ကျော်အထိ ရှိလာပြီး ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက် ကူညီပေးဖို့ကိုလည်း ဒေသခံတွေက တောင်းဆိုနေပါတယ်။

တံတားဦးမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဒီနေ့ မတ်လ ၃၁ ရက်အထိ ဘယ်ကယ်ဆယ်ရေးအဖွဲ့မှ လာရောက် ကူညီပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

“ဘာအကူအညီမှ တံတားဦးဘက်ကို မလာပါဘူး။ မြို့ကလူတွေအချင်းချင်းပဲ ကူညီဝိုင်းဝန်းနေကြရတာပါ။ အသေအပျောက်များတဲ့နေရာကို အရင်ဖော်နေကြပါတယ်။ နေအိမ်တွေလည်း ပျက်စီးတာ အရမ်းများတယ်။ မြို့ရဲ့ တစ်ဝက်လောက် ပျက်စီးသွားပါတယ်။ မြို့သေးမလို့ ကယ်‌ဆယ်ရေးတွေ မလာတာလား မသိပါဘူး။ အခုချိန်ထိ အသေအပျောက်တွေ အရမ်းများနေပါတယ်။ အရေးပေါ် အကူအညီလည်း ဘာမှမရတော့ ဒုက္ခရောက်နေတာပေါ့။ ဘာအကူအညီမှ မပေးရင်တောင် ရေနဲ့ စားစရာတွေတော့ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်” ဆိုပြီး တံတားဦးမြို့နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တံတားဦးမြို့မှာလည်း အဆောက်အဦးနဲ့ စေတီတွေ ပြိုကျမှု ရှိသလို လူထိခိုက်မှုနဲ့ သေဆုံးမှုတွေလည်း ရှိနေသေးကြောင်း သိရပါတယ်။

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှုများပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းတောင်လည်း ထိခိုက်‌သေဆုံးမှု များနေပြီးတော့ သေဆုံးမှု ဆက်လက် မြှင့်တက်နေပါတယ်။

မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး မနေ့ မတ်လ ၃၀ ရက်အထိ ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်းမှာ ထိခိုက်သေဆုံးသူရဲ့ အလောင်း ၂ ထောင်ကျော်တွေ့ရှိထားပြီး ဒီနေ့မှာလည်း သေဆုံးသူတွေရဲ့ အလောင်းတွေကို ဆက်လက် ရှာဖွေနေဆဲလို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။