ဓာတ်ပုံ- Local

ယာရူစိင်၊ မတ်လ ၃၁ ရက်၊ ချမ်းမြသာစည်

ငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ၁၅-၁၆ လမ်းကြား နှင်းဆီခြံ ဗလီဝင်းထဲက ၇ လွှာတိုက် ပြိုကျခဲ့ပြီး လက်ရှိအချိန်ထိ အယောက် ၄၀ ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၃၁ ရက်အထိ အသက်ရှင်သူ ၃ ယောက်သာ တွေ့ရပြီး ကယ်ဆယ်ရေးအင်အား လုံလောက်မှု မရှိဘူးလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့မှ ဒီတိုက်ဘက်ကို ကယ်ဆယ်ရေးတွေ လာတာပါ။ ၇ လွှာတိုက်ထဲက အပေါ်ဆုံးအလွှာမှာ နေတဲ့သူ ၃ ယောက်ပဲ အသက်ရှင်လျက် တွေ့သေးတယ်။ သေဆုံးစာရင်းတော့ အတိအကျ မသိရပါဘူး။ ဒါပေမဲ့ အထဲမှာ အယောက် ၄၀ ပိတ်မိနေသေးတာတော့ သေချာတယ်။ ကယ်ဆယ်ရေးတွေလဲ အရမ်းပင်ပန်းနေပြီလေ။ သုံးရက်ဆက်တိုက် ရှာဖွေပေးနေရတာဆိုတော့‌”

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှုများပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းတောင်လည်း ထိခိုက်‌သေဆုံးမှု များနေပြီးတော့ သေဆုံးမှုတွေ ဆက်လက် မြှင့်တက်နေပါတယ်။

ငလျင် လှုပ်ခတ်မှုဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု သေဆုံးမှု အများဆုံးရှိပြီး စစ်ကိုင်းတိုင်းဘက်မှာလည်း ကယ်ဆယ်ရေး အားနည်းနေသလို စစ်ကောင်စီဘက်က ပိတ်ပင်တားဆီးနေတာလည်း ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။