ရွှေဖီမြေ၊ မတ်လ ၃၀ ရက်

မြန်မာနိုင်ငံအတွင်း နေရာတချို့မှာ ငလျင်ဘေးသင့် လူထုတွေကို ကူညီဖို့ ကိုယ်စွမ်းဥာဏ်စွမ်း တတ်နိုင်သလောက် ပါဝင်ကူညီသွားမယ်လို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ KNU က ထုတ်ပြန်လာပါတယ်။

ကူညီကယ်ဆယ်ရေးနဲ့ ကူညီပေးတာတွေကငလျင်ဒဏ်ကို မြေပြင်မှာ ကြုံတွေ့ခံစားနေရသူတွေဆီ ရောက်ရှိအောင် ဆောင်ရွက်ပေးဖို့ကိုလည်း နိုင်ငံတကာကို KNU က တိုက်တွန်းထားပါတယ်။

၂၀၀၈ နာဂစ်မုန်တိုင်း ဖြစ်စဥ်တုန်းကလည်း နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီဟာ စစ်အုပ်စုကသာ ကိုယ်ကျိုးခံစားခွင့်အတွက် အသုံးပြုတာကြောင့် ဒီအချိန်မှာလည်း ၎င်းဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် အနီးကပ်အမြဲတမ်း စောင့်ကြည့်ဖို့လိုကြောင်း ပြောဆိုထားပါတယ်။

သေဆုံးဒဏ်ရာရသူ၊ အဆောက်အဦး ပြိုကျပျက်စီးခဲ့ရသူနဲ့အတူ ဝမ်းနည်းကြောင်းလည်း ထည့်သွင်းရေးသားထားပါတယ်။

ဒီနေ့ မတ်လ ၃၀ ရက် နေ့လယ် ၁၂ နာရီအထိ ငလျင်ကြောင့် သေဆုံးသူ ၂,၀၂၈ ဦး ရှိပြီဖြစ်ကြောင်း DVB ရဲ့ အချက်အလက်အရ သိရပါတယ်။

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ပြင်းအား ၇.၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းတောင် စတဲ့မြို့နယ်က စေတီပုထိုး၊ ဘုရားကျောင်း၊ လူနေအိမ်အပြင် လူထုတွေလည်း သေဆုံးတာတွေ ရှိနေတာကြောင့် ပြည်တွင်းပရဟိတသမားအပြင် ပြည်ပက ကယ်ဆယ်ရေးသမားကလည်း ကယ်ဆယ်ဖို့အတွက် ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

အလားတူ မနေ့ မတ်လ ၂၉ ရက်ကလည်း တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ- TPCC ကလည်း နိုင်ငံတကာရဲ့ အကူအညီတွေ စစ်ကောင်စီက အဟန့်အတားကင်းပြီး ကူညီပံ့ပိုးနိုင်ကြဖို့ လူထုတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။