ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန

ရွှေဖီမြေ၊ မတ်လ ၃၀ ရက်၊ စစ်ကိုင်း

ငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းတိုင်းမှာ သေဆုံးသူ အလောင်း ၈၈ ဦး တွေ့ရှိထားပြီး ၃၈ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

ငလျင်ဘေးကြောင့် ထိခိုက်တဲ့နေရာတွေကို ကယ်ဆယ်ရေး လုပ်ဆောင်နေပြီး အသက်ရှင်ကျန်ရစ်သူ ၃၆ ဦးနဲ့ သေဆုံးသူ ၈၈ ဦးကို တွေ့ရှိထားပြီး ကယ်ဆယ်ရေး ဆက်လုပ်နေပါတယ်။

ငလျင်ဘေးကြောင့် စစ်ကိုင်းမြို့ရဲ့ နေရာအားလုံးနီးပါး ပျက်စီးနေပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ပေးနေသူ အားနည်းနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားသလို လှုမှုကွန်ရက်မှာလည်း ရေးသားနေကြပါတယ်။

ဒါ့အပြင် မန္တလေးကနေ စစ်ကိုင်းဘက်ကိုသွားတဲ့ တံတားဟာ ငလျင်ကြောင့် အက်ကွဲနေပြီး လမ်းပန်းဆက်သွယ်ရေးလည်းအခက်အခဲ ဖြစ်နေပါတယ်။

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာမန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုတ်ခတ်ခဲ့တဲ့ ငလျင်ဟာ မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု များပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းတောင်မှာလည်း ထိခိုက်မှု များခဲ့ပါတယ်။

‎အလားတူ ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ဇိနောဒယပရိယတ္တိ စာသင်တိုက် သုံးထပ်ကျောင်းဆောင်နှစ်ဆောင် ပြိုကျခဲ့တာကြောင့် ဦးဇင်း ၃ ပါး ကိုရင် ၁ ပါး ပျံလွန်တော်မူပြီး ၇ ပါး ပျောက်ဆုံးနေတယ်လို့ ဖြစ်စဥ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”သုံးထပ်ဆောင် နှစ်ဆောင်က လုံးလုံးကို ပြိုကျသွားတယ်။ အသက်ရှင်တဲ့သူတွေကိုတော့ အကုန်ကယ်ထုတ်ပြီးပြီ။ အလောင်း ၄ လောင်း ရထားတယ်။ ပျောက်ဆုံး လောလောဆယ်က ၇ ပါး ရှိသေးတယ်။ ဒဏ်ရာ ရတာက အပါး ၂၀ လောက် ရှိမယ်။ ကယ်ဆယ်ရေးကတော့ မီးသတ်က လူတွေတော့ လာနေပြီ”

‎အဆောက်အအုံ ပိနေတာကြောင့် ပျောက်ဆုံးနေတဲ့ သံဃာတော်တွေကို ရှာဖို့ အခက်အခဲ ရှိနေပြီး မီးသတ်တပ်ဖွဲ့က လူတွေလည်း ကူညီပေးဖို့ နည်းမျိုးစုံ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

‎ငလျင် လှုပ်ခတ်မှုဟာ စစ်ကိုင်းမြို့ထဲ အဓိက ဖြစ်ပွားခဲ့ပြီး Anyar Memo (Research Analysis Team)ရဲ့ လက်လှမ်းမိသမျှ မှတ်တမ်း‌အရ နေအိမ် ၁,၆၄၈ အိမ်ထက်မနည်း ထိခိုက်တာရှိပြီး လူ ၅၆၉ ဦး သေဆုံးခဲ့တယ်လို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

‎ငလျင် လှုပ်ခတ်မှုဟာ မန္တလေးနဲ့ စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်တာကြောင့် ထိခိုက်ပျက်စီးမှု သေဆုံးမှု အများဆုံးရှိပြီး စစ်ကိုင်းတိုင်းဘက် ကယ်ဆယ်ရေး အားနည်းနေပါတယ်။

‎ငလျင် လှုပ်ခတ်မှုကြောင့် အဆောက်အအုံးတွေ ပြိုကျပြီး ပိတ်မိနေသူတွေကို ရှရှား၊ တရုတ်နဲ့ မလေးရှား စတဲ့နိုင်ငံက ကယ်ဆယ်ရေးတွေ လာ‌ရောက် ကူညီပေးနေချိန် စစ်ကောင်စီက ဒီနေ့ မတ်လ ၃၀ ရက် မကွေးတိုင်း ပေါက်မြို့နယ်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် ဒီနေ့ မတ်လ ၃၀ ရက် နေ့လယ် ၁၂ နာရီအထိ သေဆုံးသူ ၂ ထောင်ကျော် ရှိလာပြီလို့ DVB သတင်းဌာနက ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။