ဓာတ်ပုံ- Local

ခိုင်လေး၊ မတ်လ ၃၀ ရက်၊ စစ်ကိုင်း

‎စစ်ကိုင်းမြို့ရှိ သာသနာ့ဝံသီ ပလောင်သီလရှင်ကျောင်း ငလျင် လှုပ်ခတ်ပြီး အဆောက်အအုံ ပြိုကျလို့ ဆရာလေးနှစ်ပါး ပျံလွန်တော်မူပြီး အပါး၂၀ ဆေးရုံ တက်ရောက်ကာ ကုသနေရတယ်လို့ ကူညီရေး လုပ်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎မတ်လ ၂၈ ရက် နေ့လယ်က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သုံးထပ်ဆောင်ကျောင်း တိုက် ပြိုကျခဲ့တာဖြစ်ပြီး ပျံလွန်တော်မူသွားတဲ့ ဆရာလေးနှစ်ပါးထဲက တစ်ပါးကို လက်ရှိအချိန်ထိ ထုတ်လို့ မရသေးဘူးလို့ ဆိုပါတယ်။

‎”ကျောင်းက ၃ ထပ်ခွဲ ကျောင်းဆောင်ပါ။ဆရာလေး ၂ ပါး ဆုံးသွားတယ်။ ဆေးရုံ တင်ထားရတဲ့ အပါး ၂၀ ထဲက ၁၆ ပါးက ဆေးရုံက ဆင်းရပြီ။ အဲမှာက ပလောင်ကလေးတွေဘဲ။ ဆုံးသွား‌တဲ့တစ်ပါးက နမ့်ဆန် ကျောက်ဖြူက ကလေး။ နောက်တစ်ပါးက ကျောက်မဲဘက်ကလူ ကျောင်းဆောင်ထဲ ပိတ်မိနေတာ အခုထိ ထုတ်လို့မရသေးဘူး။ အနံ့က ထွက်နေပြီ”

‎ဆုံးသွားတဲ့ ဆရာလေးနှစ်ပါးဟာ အသက် ၉ နှစ်နဲ့ ၁၆ နှစ်အရွယ်သာ ရှိသေးပြီး ၉ နှစ်အရွယ် တစ်ပါးကို မနေ့က သင်္ဂြိုလ်လိုက်ပြီးတော့ အကြီးတစ်ပါးကိုတော့ လက်ရှိအချိန်ထိ ထုတ်လို့မရသေးဘူးလို့ ဆိုပါတယ်။

‎ကျောင်းထိုင်ဆရာလေး ဒေါ်ပဝရသိင်္ဂီက “ကျမတို့ကျောင်း ပြိုတာ စိတ်မကောင်းဘူး။ သိန်းထောင်ချီ ဆုံးရှုံးသွားတယ်။ ကလေးတွေလည်း ဒဏ်ရာ ရတဲ့သူနဲ့ သေတဲ့သူလည်း ရှိနေတော့ ပိုပြီးစိတ်မကောင်းဘူး။ မြေကော်ကားနဲ့ လာကော်ပေးမှ ရတော့မယ်။ ကျောင်းအပေါ်လည်း ဘယ်သူမှ မတက်ရဲကြဘူး။ အဲမှာက ဆရာလေးတစ်ပါးကျန်နေသေးတယ်။ ထုတ်လို့မရသေးဘူး” လို့ မိန့်ပါတယ်။

‎ပြိုကျသွားတဲ့ ကျောင်းဆောင်ကို ဘေးပတ်ဝန်းကျင်က ဒေသခံတွေ လာရောက် ရှင်း‌လင်းပေးပေမဲ့ ကျောင်းဆောင် အပေါ်‎ကိုတော့ ဘယ်သူမှ မတက်ရဲကြသေးဘူးလို့ ဆိုပါတယ်။

‎”ဒီနေ့မနက်ပိုင်းက ငလျင် လှုပ်ခတ်သွားတာရှိသေးတယ်။ ဆရာလေးတွေက ကျောင်းထဲမနေရဲကြတော့ ဘေးပတ်ဝန်းကျင်က လူတွေ မိုးကာနဲ့ တဲ လာဆောက်ပေးတာတော့ ရှိတယ်။ ဆရာလေးလည်း ကျောင်းမပြန်သေးတော့ မသိသေးဘူး။ အခုက ဆေးရုံမှာ ထိတဲ့သူတွေကို စောင့်နေရတာ။ အဲမှာက ပလောင်ကလေးတွေဘဲနေတာ အပါး ၄၀ လောက် ရှိမယ်။ အနယ်နယ်အရပ်ရပ်က မိဘပြည်သူတွေ ကူညီပေးကြပါအုံးလို့ တောင်းဆိုချင်ပါတယ်” လို့ အထက်ပါ ကျောင်းထိုင်ဆရာလေးက ဆက်​မိန့်ပါတယ်။

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ပြင်းအား ၇.၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် တိုင်းနဲ့ပြည်နယ် ၆ ခုက အဆောက်အဦးအပြင် စေတီပုထိုးလည်း ပြိုကျပျက်စီးတာရှိပြီး မနေ့ မတ်လ ၂၉ ရက်အထိ သေဆုံးသူ ၁,၆၄၄ ဦး၊ ဒဏ်ရာရသူ ၃,၄၀၈ ဦးနဲ့ ပျောက်ဆုံးသူ ၁၃၉ ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းအရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။