လွေးထွေး၊ မတ်လ ၃၀ ရက်၊ မိုးကုတ်

ငလျင်ဒဏ် အပြင်းအထန် ခံစားနေရချိန် စစ်ကောင်စီကို ထောက်ခံတဲ့ Telegram လော်ဘီချန်နယ်တွေမှာတော့ တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို ဗုံးကြဲဖို့ လှုံ့ဆော်နေတာကို တွေ့နေရပါတယ်။

မနေ့ မတ်လ ၂၉ ရက်မှာ စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ လော်ဘီချန်နယ်ဖြစ်တဲ့ Kyaw Swar တယ်လီဂရမ်ချန်နယ်အပြင် တခြားစစ်ကောင်စီ လော်ဘီချန်နယ်ကလည်း ‌မိုးကုတ်မှာ TNLA, AA, MNDAA တို့က ပူးပေါင်းပြီး ရွှေ တူးနေတာကြောင့် ဗုံးကြဲဖို့ လှုံ့ဆော်ထားတာ ဖြစ်ပါတယ်။

“မိုးကုတ်ဂေါက်ကွင်းမှာ ရွှေတူးနေပါတယ်။ တွေ့သမျှ ဘတ်ဖိုးတွေကို Y12 နဲ့ ဗုံးကြဲပေးပါ” လို့ ရေးသားထားပါတယ်။

မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် ကတည်းက စစ်တပ် ဗုံးကြဲပြီးနောက် ၎င်းနေရာမှာ ရွှေတူးဖော်မှု ရပ်နားထားကြောင်း ‌မိုးကုတ်မြို့ရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုပါတယ်။

“အရင်က ဂေါက်ကွင်းမှာ တူးနေကြတာတော့ ဟုတ်တယ်။ အဲလို စက်တွေနဲ့ တူးတာက ရပ်ထားတာ ကြာပြီ။ အခုက မရှိဘူးလားဆိုတော့ ရှိတယ်။ ဒေသခံတွေ တစ်နိုင်တစ်ပိုင်လေးတွေပေါ့။ ဘယ်အဖွဲ့အစည်းကမှ တူးတာ မတွေ့မိဘူး”

ဒါ့အပြင် မန္တလေးနဲ့ စစ်ကိုင်းတိုင်း နေရာတချို့မှာ စစ်တပ်က ငလျင်ဒဏ်သင့်သူတွေကို ကူညီကယ်ဆယ်ရေး မလုပ်ပေးတဲ့အပြင် ကယ်ဆယ်ရေးတချို့ကိုလည်း တားမြစ်ပိတ်ပင်တာ ရှိနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ငလျင် လှုပ်ခတ်ချိန်မှာ စစ်တပ်က နောင်ချိုမြို့နယ် နောင်လင်ရွာကို ဂျက်ဖိုက်တာ ၃ စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဓနုတပ်ဖွဲ့မှ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး ကျဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။