ရွှေဖီမြေ၊ မတ်လ ၂၉ ရက်

မနေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ လူထုတွေကို ညီအစ်ကို စိတ်ရင်းအပြည့်နဲ့ ကူညီသွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA နဲ့ အာရက္ခတပ်တော်- AA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ငလျင်လှုပ်ခတ်မှုမှာ အသက်အိုးအိမ်နဲ့ အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ပြောဆိုထားပါတယ်။

နောက်ဆက်တွဲ ငလျင်ငယ် လှုပ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့တာကြောင့် လူထုတွေအနေနဲ့ အထူးဂရုစိုက် သွားလာကြဖို့၊ သတင်းအမှန်ကို နားစွင့်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ဝတပ်ဖွဲ့- UWSA၊ မိုင်းလားတပ်- NDAA၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ- RCSS တို့ကလည်း ငလျင်ဘေးသင့်သူတွေကို အကူအညီ ပေးသွားမယ်လို့ ထုတ်ပြောထားပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ကလည်း ငလျင်ဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေပြီး နိုင်ငံတကာတွေအနေနဲ့ ငလျင်ဘေးသင့်သူတွေကို အကူအညီပေးဖို့ တိုက်တွန်းထားပါတယ်။

မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၇.၇ အဆင့်ရှိပြီး သေဆုံး ဒဏ်ရာရသူ ထောင်ချီ ရှိနေပြီး အထင်ကရ နေရာအပါအဝင် အဆောက်အဦး အများစုလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီနေ့ မတ်လ ၂၉ ရက် မနက်ပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၆၄၄ ဦးနဲ့ ဒဏ်ရာရသူ ၃,၄၀၈ ဦးအထိ ရှိလာပြီလို့ Myanmar Now သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ငလျင်ကြောင့် ထိခိုက်မှုများတဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီရဲ့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁ သောင်းကနေ ၁ သိန်းကြားအထိ ရှိနိုင်တယ်လို့ အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း- USGS က ခန့်မှန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။