ဓာတ်ပုံ- Local

မိုင်းရူပ၊ မတ်လ ၂၉ ရက်၊ မန္တလေး

မန္တလေးမြို့ရှိ ဥလှသိန်းဗိမ္မာန်မှာ ငလျင် လှုပ်ခတ်မှုကြောင့် ဓမ္မစရိယစာမေးပွဲ ဖြေဆိုနေတဲ့ သံဃာတော် အပါး ၈၀ ထက်မနည်း ပျံလွန်တော်မူသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ငလျင် လှုပ်ခတ်မှုအတွင်း ဥလှသိန်းဗိမ္မာန်မှာ ဓမ္မစရိယစာမေးပွဲ ဖြေဆိုနေတဲ့ သံဃာတော်အပါး ၆၀၀ ကျော်ထဲက အပါး ၈၀ ပျံလွန်တော်မူခဲ့တာပဲ ဖြစ်ပါတယ်။

“ဓမ္မစရိယစာမေးပွဲ ဖြေနေကြတာ။ အဲမှာက အပါး ၆၀၀ ကျော်လောက် ရှိတယ်။ ပြိုတဲ့အဆောက်အဦးက သံဃာတော် အပါး ၂၀၀ ကျော်လောက် ရှိတယ်။ မနက်အထိ ပျံလွန်တော်မူတာ ၈၀ လောက် ရှိတယ်လို့ သိရတယ်” လို့ မန္တလေးမြို့မှာ ရှိနေတဲ့ ဦးဇင်းတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။

လက်ရှိအချိန်ထိ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေပြီး မန္တလေးမြို့ရှိ မစိုးရိမ် စာသင်တိုက်ရဲ့ အဆောက်အဦးလည်း ငလျင် လှုပ်ခတ်မှုကြောင့် အထက်မြင့်တိုက် ပြိုကျသွားတယ်လို့ အထက်ပါ ဦးဇင်းက ဆက်မိန့်ပါတယ်။

မန္တလေးမြို့မှာ ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် နေရာတချို့မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေပါတယ်။

မနေ့ ငလျင် လှုပ်ခတ်မှုမှာ မန္တလေးတိုင်းဟာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး သေဆုံးသူ အယောက် ၈၀၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

ဒီနေ့ မတ်လ ၂၉ ရက် မနက်ပိုင်းအထိ စစ်ကောင်စီ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းမှာ သေဆုံးသူ ၈၃၈ ဦး၊ ဒဏ်ရာရရှိသူ ၁,၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦး ရှိနေပြီး သေဆုံးသူရဲ့ စာရင်းတွေကို ဆက်လက်ကောက်ယူနေပြီးတော့ အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။

ဒီနေ့မနက်ပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၀၀၂ ဦးနဲ့ ဒဏ်ရာရသူ ၂,၃၇၆ ဦး ရှိလာပြီလို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။