ဓာတ်ပုံ- CJ

လွေးဇွန်မိုး၊ မတ်လ ၂၉ ရက်၊ နမ့်ဆန်

ငလျင် လှုပ်ခတ်မှုကြောင့် တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ဆန်မြို့နယ် ငွန်ဆိုင်းရွာက TLEC စာသင်ကျောင်းနံရံ ပြိုကျလို့ မူကြို တက်နေတဲ့ ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

မနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ငလျင် လှုတ်ခတ်ချိန်ဟာ ကလေးတွေ အိပ်ပျော်နေချိန် ဖြစ်တာကြောင့် အသက် ၃ နှစ်အရွယ် မမိုးသွန်းညနဲ့ ၂ နှစ်ကျော်အရွယ် မောင်လွမ်းမိုးအောင်ရဲ့ ခေါင်းနဲ့လက်မှာ ဒဏ်ရာ အနည်းငယ် ရခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ TLEC ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

“ပုံမှန်ရက်မို့ ကလေးတွေ ရှိတယ်။ ဆရာမတွေကလည်း သူတို့ Timetable (အချိန်ဇယား)အတိုင်းပဲ Run နေတာ။ ငလျင် လှုပ်တဲ့အချိန် ကလေးတွေက အိပ်ပျော်နေတာဗျ။ ဆရာမတွေက ပြိုကျလာတဲ့ချိန် အမြန်ကယ်ထုတ်လိုက်လို့။ ကလေးက ၁၅ ယောက် ကျော်မယ်ထင်တယ်ဗျ။ ငယ်ငယ်လေးတွေချည်းပဲ မူကြိုဆိုတော့။ အငယ်ဆုံးဆိုရင် ၂ နှစ်ခွဲပဲ ရှိအုံးမှာ”

အလားတူ နမ့်ဆန်မြို့နယ် အာရမ်းရွာမှာလည်း ငလျင်ကြောင့် အထက စာသင်ကျောင်းရဲ့ အခန်းတချို့ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန်တုံမြို့နယ် ဟင်ဟောင်းရွာက သက်တမ်း ၆၀ နှစ်ရှိတဲ့ စေတီ၊ သိမ်ကျောင်းဆောင်တစ်ကျောင်းနဲ့ တာပုံရွာက စေတီလည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးမိတ်မြို့နယ်မှာ ငလျင် လှုပ်ခတ်မှုကြောင့် ရွှေဂူကျောင်းဝန်းထဲက လေးထပ်ကျောင်းဆောင် ပြိုကျပျက်စီးခဲ့ပြီး ဆုတောင်းပြည့်ဘုရားလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်နိုင်ငံလုံး အတိုင်းတာအနေနဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁,၀၀၂ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၂,၃၇၆ ဦး ကျော် ရှိလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။