လွေးပို့ဆပေ၊ မတ်လ ၂၉ ရက်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ လူ ၃၇ ဦးပါတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးကုသရေးအဖွဲ့ဟာ ကူမင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့်သူတွေကို ကူညီဖို့ ရန်ကုန်မြို့‌သို့ ရောက်ရှိနေပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့ဟာ အသက်ကယ်ကိရိယာ (Life detecto)၊ ငလျင်ကြိုတင်သတိပေးစနစ် (Earthquake early warning system)၊ ခရီးဆောင်ဂြိုလ်တု (Portable satellite)နဲ့ ဒရုန်းအပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်လာခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

မူဆယ်မြို့မှာ နေထိုင်သူ အမျိုးသားတစ်ဦးက “အောက်ပြည်အောက်ရွာ အောက်ပိုင်းဖက်မှာ ကူညီမယ့်သူတွေက မနက် ၆ နာရီ ကတည်းက ဆင်းသွားပြီ လေယာဉ်နဲ့။ နန်းတော်ပေါက်ကနေ မူဆယ်ထဲကို ဝင်လာတဲ့ လူမူကယ်ဆယ်ရေးအဖွဲ့တွေကတော့ မူဆယ်က လူကြီးတွေနဲ့ တွေ့ဖို့ပါပဲ။ ဘယ်လိုကူညီရမလဲ စတာတွေနဲ့ ဆွေးနွေးဖို့ အဲလောက်ပဲ။ ကူညီပေးမယ့်သူတွေက လေယာဉ်နဲ့ ဆင်းသွားပြီ ၃၀ ကျော် ရှိတယ်” လို့ ပြောပါတယ်။

မနေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက မြန်မာမှာ လှုပ်ခတ်ခဲ့တဲ့ ၇.၉ အဆင့်ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တာတွေကိုကူညီဖို့ တရုတ်ဗဟိုအစိုးရက ယူနန်အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

အလားတူ ရုရှားနိုင်ငံကလည်း လူမှုကယ်ဆယ်ရေးသမား၊ ဆရာဝန်‌နဲ့ စုစုပေါင်း လူ ၁၂၀ ဦးနဲ့အတူ အနံ့ခံခွေးတွေ ပါဝင်တဲ့ ကယ်ဆယ်ရေး လေယာဉ်နှစ်စီးကို ငလျင်ဒဏ် ခံရတဲ့သူတွေအတွက် ကယ်ဆယ်ရေးလုပ်ဖို့ ပို့ဆောင်လိုက်ကြောင်း ရုရှားနိုင်ငံ အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် နိုင်ငံတစ်ဝှမ်းက အထပ်မြင့်အဆောက်အုံ၊ ဘာသာရေးကျောင်းနဲ့ သမိုင်းဝင် အဆောက်အအုံတချို့ ပြုကျတာတွေ ရှိသလို လူထု ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရသူ များနေပြီး အရေအတွက်အတိအကျကိုတော့ မသိနိုင်သေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။