ဓာတ်ပုံ- Local

အင်းငယ်၊ မတ်လ ၂၈ ရက်၊ အင်းလေး

ရှမ်းတောင်မှာ ဒီနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီခန့်က ငလျင် လှုပ်ခတ်မှုကြောင့် လူနေအိမ်နဲ့ အဆောက်အဦးတွေ ပြိုကျပျက်စီးမှုရှိပြီး လူထိခိုက်သေဆုံးမှုလည်း ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ငလျင်လှုပ်ခတ်မှုကြောင့် ဖောင်တော်ဦးဘုရား အဆောက်အဦးတချို့အပါအဝင် ဘုရားကျောင်းဆောင် ပတ်ပတ်လည်က လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးမှု ရှိတယ်လို့ သာလေးရွာအတွင်း နေထိုင်သူတွေက ပြောပါတယ်။

အသက် ၈၀ ကျော်အရွယ် ဘုရားအနီး နေထိုင်သူ အမျိုးသားတစ်ဦးက “ကျနော်တို့ မွေးကတည်းက ဒီလောက်ကြမ်းတဲ့ ငလျင်မျိုး တစ်ခါမှ မကြုံဖူးဘူး။ အခု ဘုရားအနောက်ဖက်က ကရဝိတ်ဆောင် ပြိုကျတယ်။ ကြွေပြားတွေလည်း လန်ကုန်လို့ အကုန်ထွက်ပြေးရတယ်” လို့ ပြောပါတယ်။

အလားတူ ကလောမြို့နယ်မှာလည်း အင်္ဂလိပ်အစိုးရလက်ထက်က ဆောက်ခဲ့တဲ့ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအပါအဝင် နေအိမ်တွေ ပျက်စီးမှုရှိပြီး အောင်ပန်းမှာလည်း ဟိုတယ်အောင်ပန်း အဆောက်အဦးတစ်ခုလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အောင်ပန်းမြို့တွင်း လူမှုကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက “သေတာတော့ ၂၀ ကျော်လောက်တယ်။ အခုထိ ရှာနေကြတုန်းပဲ။ ဆေးရုံ ရောက်တာလည်း များတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တောင်ကြီးမှာလည်း City Square နဲ့ မြို့မဈေး အဆောက်အဦး အုတ်နံရံတွေ အက်ကွဲတာကို ကနဦး တွေ့ရှိရပြီး တခြား ထိခိုက်ပျက်စီးမှုတွေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

“မြို့မရပ်ကွက်တော့ အိမ်ပြိုတာ အများကြီးပဲ။ လူသေတာလည်း ရှိတယ်။ သူတို့ အတည်ပြုနေတုန်းလို့ ပြောပါတယ်။ မြို့မရပ်ကွက်တော့ အရေးပေါ် အကူညီ လိုနေတယ်”

မိုးလေဝသ တိုင်းထွာချက်အရ ငလျင်ဟာ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ပိုင် စတဲ့မြို့တွေကိုလည်း ဦးတည်လှုပ်ခပ်သွားပြီး ဘန်ကောက်မြို့မှာလည်း အထပ်မြင့်ကွန်ဒို ၄ ခုထက်မနည်း ပျက်စီးဆုံးရှုံးမှု ရှိတယ်လို့ ကနဦး သိရပါတယ်။

ဒီနေ့မှာ လှုပ်ရှားသွားတဲ့ အင်အားကြီး ငလျင်ဟာ ၇၁ နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပြီး ပြင်းအား ၇ ဒသမ ၇ ရစ်ခ်ျတာစကေးနဲ့ စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ရှားသွားတာဖြစ်ပြီး နောက်ထပ် ၆ ကြိမ် ထပ်လှုပ်ဖို့ ရှိသေးတာကြောင့် အထပ်မြင့်နဲ့ ဝေးရာမှာ နေထိုင်ကြဖို့ လူမှုကယ်ဆယ်ရေး အသင်းဝင်တွေက သတိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။