ဓာတ်ပုံ- စစ်ကောင်စီ

ရွှေဖီမြေ၊ မတ်လ ၂၈ ရက်၊ နေပြည်တော်

မြန်မာ့သမိုင်းမှာ အကြမ်းဖက်လမ်းစဉ် ကျင့်သုံးပြီး အကျပ်ကိုင် တောင်းဆိုခဲ့တဲ့ ဖြစ်စဉ်တိုင်းမှာ စစ်တပ်အနေနဲ့ အလျှော့ပေး လက်ခံခဲ့ပေးတဲ့ အစဉ်အလာ မရှိဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

မနေ့ မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ ၈၀ နှစ်ပြည့် တပ်မတော်နေ့မှာ စစ်ခေါင်းဆောင်က အခုလို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဒို့တာဝန် အရေးသုံးပါးကို ထိပါးလာတဲ့ လက်နက်ကိုင် အကြမ်းဖက်တဲ့ လမ်းစဉ်ကို လက်ခံလို့ မရတာကြောင့် စစ်ကောင်စီအနေနဲ့ တရားသောစစ်ကို ဆက်လက် ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်- PDF တွေအနေနဲ့ လက်နက်ကိုင်တဲ့ လမ်းစဉ်ကို စွန့်လွတ်ပြီး ရွေးကောက်ပွဲလမ်းကြောင်းကနေဝင်ပြီး နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ဖိတ်ခေါ်ကြောင်း ဆက်လက် ပြောဆိုခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလထဲ ရွေးကောက်ပွဲ ပြုလုပ်ပြီး အာဏာ လွှဲပြောင်းပေးမယ်လို့ စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ- NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြောထားပါတယ်။

လက်ရှိ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်တာကို ခံနေရပြီး နိုင်ငံတဝန်းမှာ မြို့ပေါင်း ၉၀ ကျော် လက်လွှတ်ဆုံးရှုံးထားရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။