ဓာတ်ပုံ- Google

အိုက်ပွီး၊ မတ်လ ၂၈ ရက်၊ ဂန့်ဂေါ

မကွေးတိုင်း ဂန့်ဂေါမြို့မှာ ဈေးသည်တွေ ဈေးရောင်းချခွင့်နဲ့ ကားပိုင်ရှင်၊ ကားသမားတွေ ကားပြေးဆွဲခွင့် စစ်ကောင်စီတပ်က ကန့်သတ်လိုက်ပြီး ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တဲ့ ဒေသန္တရအမိန့်ကို ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းက ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းထဲ ဈေးသည်နဲ့ ကားပိုင်ရှင်တွေကို စစ်ကောင်စီတပ် ခေါ်ယူတွေ့ဆုံပြီး အခုလို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ဈေးသည်တွေအနေနဲ့ ဈေးရောင်းချရာမှာ မိသားစုဝင်တစ်စုကို တစ်ပတ်စာထက် ပိုမိုမရောင်းချဖို့နဲ့ တစ်ပတ်စာထက် ပိုမိုရောင်းချတာ တွေ့ရှိရင် ဈေးရောင်းသူကို စစ်ကောင်စီက ထောင်ဒဏ် ၆ လ ချမှတ်မယ်လို့ သိရပါတယ်။

“အရင်ဆုံး ဈေးသည်တွေနဲ့ တွေ့ဆုံပါတယ်။ အဲမှာ ဈေးသည်တွေ ဈေးရောင်းတဲ့အခါ မိသားစုတစ်စုကို တစ်ပတ်စာ ရောင်းချဖို့ ပြောတယ်။ တစ်ပတ်စာထက် မရောင်းချဖို့။ အကယ်လို့ တစ်ပတ်စာထက် ရောင်းချတာ တွေ့ရှိရင် ထောင်ဒဏ် ၆ လ ချမှတ်မယ်လို့ အစည်းအဝေးမှာ ပြောပါတယ်” လို့ ဂန့်ဂေါမြို့မှ ဈေးသည်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မလိုက်နာရင် ဈေးဆိုင်နဲ့ ဆိုင်ထဲ ရှိတဲ့ပစ္စည်းအားလုံးကိုလည်း သိမ်းဆည်းသွားမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

အလားတူ ကားပိုင်ရှင်၊ ကားသမားတွေကိုလည်း ဂန့်ဂေါမြို့အပြင် တခြားကျေးရွာတွေမှာ ပစ္စည်းသယ်ဆောင်တာ၊ ဈေးရောင်းချတာတွေ မပြုလုပ်ဖို့နဲ့ တွေ့ခဲ့ရင် ထောင်ဒဏ် ၆ လ ချမှတ်ပြီး ကားတွေ သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။

“မြို့ထဲကလွှဲရင် ပစ္စည်းသယ်တာတွေ၊ ရောင်းတာတွေ မလုပ်ဖို့ ပြောတာပါ။ အဲလိုလုပ်ရင် ဖမ်းဆီးထောင်ချမယ်။ ကားတွေ သိမ်းမယ်ပြောတယ်။ ပြီးတော့ ပစ္စည်းရောင်းချတဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးကျည်တွေ ဒရုန်းတွေ ပစ်ခတ်သွားမယ်လို့ပြောတယ်” လို့ ဂန့်ဂေါမြို့နယ်မှ ကားပိုင်ရှင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီတပ်က PDF တပ်ဖွဲ့ထံ ကုန်ပစ္စည်း၊ စားသောက်ကုန် မရောက်ဖို့အတွက် ဈေးသည်တွေကို ဈေးရောင်းချခွင့်နဲ့ ကားပိုင်ရှင်၊ ကားသမားတွေ ကားပြေးဆွဲခွင့် ကန့်သတ်လိုက်တာလို့ ဒေသခံတွေက သုံးသပ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။