ဓာတ်ပုံ- PNA (၂ဝ၂၄ အောက်တိုဘာလက ပင်လောင်းမြို့တစ်နေရာမှာ PNA အင်အား ပြခဲ့စဉ်)

အင်းငယ်၊ မတ်လ ၂၇ ရက်၊ ဆီဆိုင်

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့မှာ ပြည်သူ့စစ်သင်တန်း တက်ရောက်သူတွေက ကျည်ဆံဖိုး ပြန်ထည့်နေရတယ်လို့ ဒေသတွင်း စစ်မှုထမ်း အကြုံးဝင်သူ လူငယ်တွေက ပြောပါတယ်။

ဆီဆိုင်မြို့ ဘုရားဖြူဘောလုံးကွင်းမှာ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNA က လစဉ် စစ်သင်တန်း ပေးနေပြီး တက်ရောက်ကြတဲ့ လူငယ်တစ်ဦးချင်းဆီကနေ ကျည်ဆံဖိုး ပြန်လည် ကောက်ခံနေတာပဲ ဖြစ်ပါတယ်။

သင်တန်း တက်ရောက်သူနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက “သူတို့ သတ်မှတ်ထားတဲ့ ပစ်မှတ် မထိရင် ပိုက်ဆံ ထည့်ပြီး ထပ်ပစ်ရတယ်။ ဆယ်ချက်ကတော့ အလကား ပေးပစ်တယ်။ ဆယ်ချက်နဲ့ ပစ်မှတ် ထိဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အကုန်လုံးနီးပါး ထည့်ရတယ်” လို့ ပြောပါတယ်။

PNA က ကျည်ဆံဖိုးအနေနဲ့ တစ်လုံးကို ၁,၅၀၀ ကျပ်နှုန်းနဲ့ ကောက်ခံနေပြီး သင်တန်း တက်ရောက်သူ တစ်ဦးကို ၁၀ လုံးနှုန်းနဲ့ အနည်းဆုံး ထည့်ဝင်ပေးနေရတယ်လို့ သိရပါတယ်။

PNA ဖွင့်လှစ်တဲ့ စစ်သင်တန်းမှာ အသက် ၁၈ နှစ်ကနေ ၄၀ နှစ်အတွင်း အမျိုးသားတွေက တစ်ရွာကို ၁၀ ဦးနှုန်းနဲ့ တက်ရောက်ရပြီး သင်တန်း တစ်ကြိမ်မှာ လူဦးရေ ၃၀၀ ဝန်းကျင်အထိ ပါဝင်ကြတယ်လို့ ဆိုပါတယ်။

သင်တန်း တက်ရောက်သူရဲ့ မိသားစုဝင်တစ်ဦးက “ဘယ်သူမှတော့ မတက်ချင်ပါဘူး။ သူတို့ဆီတက်ရင် ဗမာစစ်တပ်က စစ်မှုထမ်း မခေါ်ဘူးဆိုလို့ တက်ကြတာ။ သင်တန်းပြီးရင် ကတ်ပေးတယ်။ တချို့သူဌေးတွေက ပိုက်ဆံပေးပြီး ကတ်ဝယ်တယ်။ ကျည်ဆံဖိုးက မကောက်တဲ့ရက် မရှိဘူး။ မရှိလည်း ထည့်ရတာပဲ” လို့ ပြောပါတယ်။

သင်တန်းကာလအနေနဲ့ တစ်လ သတ်မှတ်ထားပြီး လစဉ် မဲနှိုက်ရွေးချယ်တာကြောင့် ဒေသတွင်း လူငယ်တွေ တိမ်းရှောင်နေရသလို အင်အားပြပွဲ နီးကပ်တဲ့ ရက်တွေမှာလည်း ရွာလုံးကျွတ်က အမျိုးသားကို ၃ ရက်နဲ့အပြီး စစ်သင်တန်း ပေးတာတွေ ရှိတယ်လို့ သိရပါတယ်။

အလားတူ ညောင်ရွှေမြို့နယ် ပုံမူရွာမှာလည်း ဖေဖော်ဝါရီ ၁၁ ရက်က စစ်အင်အား ၈၀၀ ကျော်နဲ့ PNA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းလာသူအားလုံးကို ရှေ့တန်း ပို့ဆောင်လိုက်တာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။