မိုင်းရူပ၊ မတ်လ ၂၇ ရက်၊ စဉ့်ကူး

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)- MDY PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာရှိတဲ့ ရွှေလုပ်ကွက်တွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာနေတယ်လို့ သိရပါတယ်။

စဉ့်ကူးမြို့နယ်ကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ပြီးနောက် စစ်တပ်ဘက်က တော်လှန်ရေးအင်အားစုတွေ အခွန် မရအောင် ရွှေလုပ်ကွက်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဖြစ်တယ်လို့ စဉ့်ကူးမြို့နယ်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စကစက အဓိက ရွှေလုပ်ကွက်တွေ ပစ်မှတ်ထားပြီး ဗုံးကြဲတာ။ ထိခိုက်သေဆုံးမှုလည်း များတယ်။ သတင်းတွေလည်း ရှိနေတော့ နေရာက အတိအကျပဲ”

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ည ၈ နာရီခွဲကနေ ၉ နာရီခွဲအတွင်း စစ်တပ်ဟာ ဂျက်ဖိုက်တာ ၅ စီး အသုံးပြုပြီး စဉ့်ကူးမြို့နယ် မာလဲနတ်တောင်ဆည်၊ ဇိုက်ချောင်းရွာ၊ ထောက်ကြံ့ပင်ရွာနဲ့ ကံတောင်ရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ ဒေသခံတွေ အလုပ် လုပ်နေတဲ့ သယံဇာတလုပ်ငန်းတချို့ကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေတာ တွေ့ရတယ်လို့ မန္တလေး PDF က ပြောဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အဆောက်အဦး အများစု ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နဲ့ ၁၇ ရက်မှာ စစ်တပ်က စဉ့်ကူးမြို့နယ် လက်ပံလှရွာကို လေကြောင်းနဲ့ တိုက်ခိုက်ရာ သေဆုံးသူ ၃၀ ကျော်နဲ့ ဒဏ်ရာရသူ များခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ နိုင်ငံပိုင် သယံဇာတတွေကို ဥပဒေမဲ့ ထုတ်ယူနေမှုအပေါ် အရေးယူသွားမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပြီးနောက် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ဒေသက သယံဇာတ လုပ်ကွက်ကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ တိုက်ခိုက်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။