ဓာတ်ပုံ- CJ

အိုက်ပွီး၊ မတ်လ ၂၇ ရက်၊ ငဖဲ

မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းမပေါ်က လိုင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးတဲ့ ချင်းအမျိုးသားဟာ ပဘဲရွာကနေ လိုင်ရွာဘက် စစ်ဘေးရှောင်လာတဲ့ အသက် ၄၀ ကျော်အရွယ် ဦးရွှေသိန်းဖြစ်ပြီး လက်မောင်းကျိုးပြီးတော့ ဒဏ်ရာ ရရှိသူဟာ လိုင်ရွာက အသက် ၅၀ ကျော်အရွယ် ဦးမိုင်ခန်း ဖြစ်ပါတယ်။

မတ်လ ၂၅ ရက် နေ့လယ် ၁၂ နာရီခွဲမှာ အမ်း-ပဒါန်း ကားလမ်းပေါ်က စစ်တပ်ရဲ့ နတ်ရေကန် ဗျူဟာကုန်းကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေ နေထိုင်တဲ့ လိုင်ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဒရုန်းတစ်စီးနဲ့ ရွာထဲကို ဗုံးသီး ၇ လုံးလောက်နဲ့ ကြဲချသွားပါတယ်။ စစ်ဘေးရှောင်တစ်ယောက် ပွဲချင်းပြီး သေဆုံးတယ်။ နောက်ထပ်တစ်ယောက် လက်မောင်း ကျိုးသွားပါတယ်။ ရွာမှာ ဘာမှမရှိဘူး။ တိုက်ပွဲလည်း မရှိဘူး။ တခြားရွာတွေက စစ်ဘေးရှောင်သူတွေ ရွာသားတွေပဲရှိတယ်” လို့ ငဖဲမြို့နယ်ဒေသခံ ချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အလားတူ မတ်လ ၂၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း နတ်ရေကန် ဗျူဟာကုန်းဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ပြီး တိုက်ပွဲ ဖြစ်ပွားတဲ့နေရာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

“တိုက်ပွဲ ဖြစ်တဲ့နေရာတွေကို ဗုံးကြဲသွားတာပါ။ အဲဘက်မှာ ချင်းရွာတွေလည်း ရှိတယ်။ ဖုန်းလိုင်း၊ အင်တာနက် မရတော့ ထိခိုက်အခြေအနေ မရသေးဘူး ဖြစ်နေတယ်။ အခုရက်ပိုင်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်” လို့ ငဖဲမြို့နယ်ဒေသခံ ချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်- AA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ နတ်ရေကန် ဗျူဟာကုန်းမှာ တိုက်ပွဲ ပြင်းထန်နေပြီး ထိခိုက်သေဆုံးမှုများတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ဆက်တိုက် ဖြည့်တင်းနေပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ အမ်း-ပဒါန်း ကားလမ်းပေါ်က ချင်းရွာတွေမှာ တော်လှန်ရေးအဖွဲ့ ခိုအောင်းနေတယ်ဆိုပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်ဖို့ ညွှန်ကြားထားကြောင်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ ငဖဲဒေသခံဆီက သတင်းတွေ ထွက်လာပြီး ဒေသခံချင်းလူမျိုးတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။