လွေးထွေး၊ မတ်လ ၂၆ ရက်၊ နမ့်ဆန်

တအာင်းဒေသ နမ့်ဆန်မြို့နယ်က ကျေးရွာတချို့မှာ ရွှေဖီဦး လက်ဖက်ရွက်စိမ်း တစ်ပိဿာကို ၄ ထောင်နဲ့ စတင် ဝယ်ယူနေပြီဖြစ်ကြောင်း လက်ဖက်တောင်သူတွေက ပြောပါတယ်။

မတ်လ တတိယအပတ်ကစပြီး ရွှေဖီဦး လက်ဖက်ရွက်စိမ်းကို နမ့်ဆန်မြို့နယ် ကွမ်ဟယ်နဲ့ မြို့သစ်ကျေးရွာအုပ်စုမှာ ၄ ထောင်ကျပ်နဲ့ ဝယ်နေတာ ဖြစ်ပါတယ်။

မြို့သစ်ရွာမှ လက်ဖက်တောင်သူ အမျိုးသမီးက “ရွှေနှင်းဆီ စက်ရုံက ဝယ်တာ တစ်ပတ်ကျော်လောက်ရှိပြီ။ လောလောဆယ် ၃,၅၀၀ တော့ ဈေးဖြတ်ထားပေးတယ်။ နောက်တခြားနေရာက ဈေးပိုပေးရင် ပြန်တိုးပေးမယ်လို့ပြောတယ်။ အခုတော့ လေးထောင် ပြန်ပေးမယ်လို့ပြောတယ်” ဆိုပြီး ရွှေဖီမြေသို့ ပြောပါတယ်။

ဒီနှစ် ရွှေဖီလက်ဖက်ဈေးဟာ ၄ ထောင်ကျပ်ဝန်းကျင် ရပေမဲ့ ၅ ဆကျော် မြှင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် လူထုတွေအတွက် တွက်ချေ မကိုက်သေးကြောင်း ပြောဆိုကြပါတယ်။

နမ့်ဆန်မြို့နယ်မှ လက်ဖက်တောင်သူ အမျိုးသားတစ်ဦးကလည်း “အခုရွာမှာ စပေးတာက ၃,၈၀၀ လောက်ပေါ့။ ဒါပေမဲ့ မကိုက်ဘူး ခရမ်းချဉ်သီး တစ်ပိဿာတောင် မရဘူး။ ခရမ်းချဉ်သီး တစ်ပိသာက ၆ ထောင် ဖြစ်နေပြီ။ ငွေ ဖောင်းပွလို့လား ‌ဈေးကောင်းရနေသလို ဖြစ်တာ” လို့ ပြောပါတယ်။

လက်ဖက်ကို အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ နမ့်ဆန်၊ မန်တုံနဲ့ ကျောက်မဲ စတဲ့မြို့နယ်မှာလည်း လက်ဖက် ဈေးကောင်းရဖို့နဲ့ လက်ဖက်အရည်အသွေး ထိန်းသိမ်းဖို့ ရွက်ကြမ်းနဲ့ လက်ဖက်အတု မခူးကြဖို့ကိုလည်း တောင်သူတွေကြား သတိပေး ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့နှစ် ရွှေဖီလက်ဖက် ရွက်စိမ်းတစ်ပိဿာကို ၃,၅၀၀ နဲ့ ၃,၇၀၀ ကြား အမြင့်ဆုံးဈေး ရခဲ့တယ်လို့ လက်ဖက်တောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။