မိုင်းပန်ပျော်၊ မတ်လ ၂၅ ရက်၊ မိုင်းပေါက်
“ဝ”ဒေသ မိုင်းပေါက်မြို့နယ်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ဝက်ဝံကို အစာကျွေးနေချိန် ဝက်ဝံ ကိုက်ခံရပြီး သေဆုံးသွားပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးက အစာကျွေးတဲ့အချိန် ဝက်ဝံက ကလေးရဲ့လက်ကို ဆွဲကိုက်ခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကလေးဆိုတော့ အကောင်တွေ တွေ့ရင် မုန့်တွေဘာတွေ ကျွေးချင်တာပေါ့။ သူက မုန့် ကျွေးတဲ့အချိန် အဲဝက်ဝံက သူ့လက်ကိုပါ စားသွားတာ လက်မောင်းအထိ ပြတ်တာ”
ဝက်ဝံ ကိုက်တာ ခံရပြီးချင်းမှာဘဲ ကုသဖို့ ဆေးရုံသို့ သယ်ဆောင်သွားချိန် ကလေးငယ်ဟာ လမ်းမှာ သေဆုံးခဲ့တာပါ။