ဓာတ်ပုံ- BWM

ခိုင်လေး၊ မတ်လ ၂၄ ရက်၊ မုံရွာ

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို BWM နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာ ရခဲ့တယ်လို့ BWM က ဒီနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့ မတ်လ ၂၃ ရက် ည‌ ၁၀ နာရီခန့်က မုံရွာမြို့အခြေစိုက် နမခကို Brave Warriors for Myanmar- BWM နဲ့ ပူးပေါင်းမဟာမိတ် တပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နမခဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ရုံးတပ်ဖွဲ့‌ကို စစ်ရေး ကွပ်ကဲမှု ပေးနေပြီး အရေးပါတဲ့ စစ်ဌာနချုပ်တစ်ခုလည်း ဖြစ်တယ်လို့ BWM မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

“အဲဒေသမှာရှိတဲ့ ပြည်သူတွေကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်တွေ၊ စက်တပ်လေထီး‌တွေနဲ့ ဗုံးကြဲ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေတဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်တယ်။ ဒါကြောင့် ကျ‌နော်တို့ BWM နဲ့ မဟာမိတ်အဖွဲ့က အညာဒေသ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ အဓိက ရန်သူဌာနချုပ်ဖြစ်တဲ့ နမခကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ် သတ်မှတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်”

တိုက်ခိုက်မှုအတွင်း နမခရဲ့ အုပ်ချုပ်မှုရုံး မီးလောင်ခဲ့ပြီး အရာရှိ ၁ ဦးနဲ့ တပ်ကြပ်ကြီး စာရေးအပါအဝင် စစ်သား ၆ ဦး ဒဏ်ရာ ရရှိကာ ဒဏ်ရာ ရသူထဲမှ စာရေး ၂ ဦးက ဒဏ်ရာ ပြင်းထန်ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရဟတ်ယာဥ် ရပ်နားထားတဲ့ ဂိုဒေါင်လည်း မီးလောင်ခဲ့ပြီး လုံခြုံရေးယူဖို့ အသင့်စောင့်တဲ့ တပ်နယ်အသီးသီးမှ အရံစစ်ကြောင်း ၁ မှ အရာရှိ ၁ ဦးနဲ့ စစ်သား ၆ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် အမှတ်(၈၁) ဆက်သွယ်ရေး အလုပ်ရုံ အတွင်းရှိ ကြီးကြပ်ကန့်သတ်ပစ္စည်း‌လည်း မီးလောင်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှာ MI 17 စစ်ရဟတ်ယာဥ် ၂ စီး ပုံမှန် အတက်အဆင်းလုပ်‌လေ့ရှိပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ညပိုင်းမှာ ရဟတ်ယာဉ် ၁ စီးသာ အတက်အဆင်း လုပ်တာကို မြင်‌တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။