ဓာတ်ပုံ- MFP’s Page

ပျားကြီး၊ မတ်လ ၂၄ ရက်၊ မန္တလေး

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အများစုမှာ ဒီနေ့မနက်ပိုင်းကစပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၂ တက်ရောက်ဖို့အတွက် အတင်းအကြပ် မဲနှိုက်ခိုင်းတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်မြေသာစံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး စတဲ့မြို့နယ်တွေက ရပ်ကွက်အများစုမှာ စစ်မှုထမ်းဖို့အတွက် မဲနှိုက်ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော့်သား မဲ ပေါက်တယ်လို့ပြောတယ်။ ဒီတစ်ယောက်တည်းပဲ ရှိတယ်။ ဒီကလေးကပဲ ရှာကျွေးနေတယ်။ အခု ဒီကလေးကို ခေါ်မယ်ဆိုရင် ကျုပ်တို့ အိုကြီးအိုမ အဘိုးကြီး အဘွားကြီးတွေ သေရုံ ရှိတော့တာပဲ” လို့ အသက် ၇၀ အရွယ် ဒေသခံအဘိုးတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်း မဲနှိုက်ရွေးချယ်မှုကို ဒီနေ့မနက် ၉ နာရီဝန်းကျင်က တစ်ချိန်တည်း ပြုလုပ်ခဲ့ကြတာဖြစ်ပြီး စစ်တပ်နဲ့ ပျူစောထီး၊ ရဲက လုံခြုံရေး ယူပေးခဲ့ကြတယ်လို့ မျက်မြင်တွေ့သူတွေက ပြောဆိုပါတယ်။

မဲပေါက်သူတွေကိုလည်း ထွက်ပြေးတိမ်းရှောင်တာ မလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပြီး မိသားစုဝင်တွေကိုပါ ခြိမ်းခြောက်ခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

စစ်အင်အား လိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီဟာ မန္တလေးမြို့နဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာရှိတဲ့ အသက်ပြည့်မီသူကို ရပ်ကွက်တစ်ခုမှာ အနည်းဆုံး ၅ ဦးကနေ ၁၀ ဦးနဲ့ ကျေးရွာအုပ်စုတစ်ခုကို အနည်းဆုံး လူ ၂၀ ကနေ ၅၀ ကြားအထိ ပေးပို့ဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ ရဲတစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။