ရွှေဖီမြေ၊ မတ်လ ၂၄ ရက်

ရှမ်းတောင် ဖယ်ခုံမြို့နယ် အုံတိုင်းရွာ ရွှေဓမ္မရောင်ခြည် သျှမ်းကျောင်းဆရာတော် ဦးဓမ္မသာရခေါ် ဦးပဉ္ဇင်းပိန်နဲ့ ဒကာ စိုင်းပီးတို့ကို သတ်ဖြတ်ခဲ့တဲ့ ပျားစစ်ကြောင်းရဲ့ လက်နက်ကို အမှုမှန် မပေါ်ပေါက်မချင်း ဒေသတွင်း တာဝန်ရှိသူတွေ ထိန်းသိမ်းထားဖို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေက မနေ့ မတ်လ ၂၃ ရက်မှာ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်က ဘုန်းကြီးနဲ့ ဒကာဖြစ်သူကို သတ်ဖြတ်ခဲ့တာကြောင့် ဖယ်ခုံ သျှမ်းလူငယ်များအသင်း၊ သျှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ (ဖယ်ခုံ)၊ သျှမ်း ကျောင်းသားများသမဂ္ဂအပါအဝင် အရပ်ဘက်အဖွဲ့ ၁၇ ဖွဲ့က တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။

ဘယ်အကြောင်းပြချက်ကြောင့်ဖြစ်စေ လက်နက်ကိုင်ထားတဲ့ အဖွဲ့တစ်ခု၊ လူတစ်ဦးက လက်နက် မရှိတဲ့လူကို သတ်ဖြတ်ခြင်းဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပြီး ချွင်းချက်မရှိ အရေးယူပေးဖို့၊ စစ်ဥပဒေအရ သက်ဆိုင်ရာအမှုကို တရားစွဲ ဆောင်ရွက်ပေးဖို့နဲ့ အမှုမှန် မပေါ်ပေါက်မချင်း တရားမျှတမှုအတွက် ပျားစစ်ကြောင်းရဲ့ လက်နက်ကို ဒေသတွင်း တာဝန်ရှိသူက ထိန်းသိမ်းထားပေးဖို့ကိုလည်း ပြောဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းနေဆဲ ဖြစ်တာကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ- NUG လက်အောက်ခံ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ပျားစစ်ကြောင်းရဲ့ သတ်ဖြတ်မှုလုပ်ရပ် မှန်ကန်ကြောင်း၊ ဖယ်ခုံအင်း အရှေ့ခြမ်း ကျေးရွာမှ ဒေသခံကို ထောက်ခံလက်မှတ် အတင်းအဓမ္မကောက်ယူနေတာကို သိရှိရပြီး အဲဒီလုပ်ရပ်ဟာ လူထုရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ရာ ရောက်သလို အမှုမှန်အတွက် မလိုလားအပ်ဘဲ ရှုတ်ထွေးစေနိုင်ကြောင်း ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကလည်း သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမြန်ဆုံး စစ်ဆေးပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၀ ဖွဲ့က တောင်းဆိုထားဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။