ဓာတ်ပုံ- Local

ပို့လဘား၊ မတ်လ ၂၄ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာတချို့မှာ မိုးနဲ့အတူ မိုးသီး ရွာချတာကြောင့် နေအိမ် ရာနဲ့ချီ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၂ ရက် နေ့လယ် ၃ နာရီခွဲမှာ မိုးသီး ရွာချပြီး အိမ်ခြေ ၇ဝ ရှိတဲ့ တွန်ပုတ်ရွာ တစ်ရွာလုံးနီးပါးရှိ နေအိမ်ရဲ့ ခေါင်မိုးတွေ ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟိုနေ့က မိုးသီး ရွာတာ တောင်ပေါ်ကအိမ် အကုန်ပေါက်တယ်။ မနေ့က သွပ်တွေ အကုန်လဲရတယ်။ တွန်ပုတ်ရွာ တစ်ရွာလုံး ထိတယ်တဲ့။ အိမ်ဟောင်း သွပ်ဟောင်းတွေ ပေါက်တာ။ ဝယ်နိုင်တဲ့အိမ်တော့ ဝယ်ပြီး ကျန်တဲ့အိမ်တော့ ဒီအတိုင်းပဲ”

အလားတူ မိုးသီး ရွာချမှုကြောင့် မန်ကောင်းရွာက အိမ်ခြေ ၃ဝ ကျော်နဲ့ အိမ်ခြေ ၁၆ဝ ကျော်ရှိတဲ့ စယ်လုံရွာကတော့ ၂ဝ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ မတ်လ ၂၃ ရက်ကလည်း ကွတ်ခိုင်မြို့ ရပ်ကွက် ၂ မှာ လေပြင်း တိုက်ခိုက်ရာကနေ သစ်ပင် လဲကျမှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။